နိဒါန်း

2.5K 25 2
                                    

"နွေဦးပုံပြင်” (Teenage drama, Romance, Soft-core)

နိဒါန်း

"ဗျို့......ကိုရဲလင်းအောင်၊ မနက်အစောကြီး ကုန်းကုန်းကွကွနဲ့ ဘာတွေ အလုပ်ရှုပ်နေတာလဲ”

"ဗျ... ဒီလိုပါပဲ၊ မနေ့ညက မိုးကောင်းလေကောင်းထားတော့ အမှိုက်တွေ ရှင်းလင်းနေရတာ၊ ကိုမြင့်ဆွေကရော ဘယ်သွားမလို့လဲ”

"အိမ်ကမိန်းမက ပူညံပူညံ လုပ်နေလို့ လက်ဖက်ရည်ဆိုင်သွားမယ် ဆိုပြီး ထွက်လာတာ...ဟဲဟဲ”

"ဘဝတူချင်းပဲဟာ... စာနာပါတယ်ဗျာ”

"ဟား..ဟား ၊ ကိုရဲတို့ကတော့ နောက်တီးနောက်တောက်နဲ့၊ ခင်ဗျား မိန်းမပိုင်တာ ကျုပ်သိပါတယ်”

"ထင်လို့ပါဗျာ.... ကန့်လန့်ကာနောက်ကွယ်မှာ ဘာတွေဖြစ်နေမှန်း သိမှ မသိကြပဲ”

"အရီးညွှန့်ပြောဖူးသလိုပေါ့၊ မိန်းမကို မကြောက်ဘူးဆိုတဲ့ ယောက်ျား တကယ်မရှိဘူးဆိုတာ”

"ဟုတ်ပ..ဟုတ်ပ ၊ နည်းနည်းကြောက်တာနဲ့ များများကြောက်တာပဲ ကွာတာ”

"ဟားဟား....သွားလိုက်ဦးမယ်ဗျာ၊ ကိုရဲလည်း အားရင် လက်ဖက်ရည်ဆိုင်ဘက် လာခဲ့ဦးလေ”

"အိုကေဗျာ...”

ဒီ​နေ့ မနက်စောစော အိပ်ရာနိုးလို့ အိမ်ခြံဝန်းထဲ ကြည့်လိုက်တော့ မန်ကျည်းပင်က ကြွေကျထားတဲ့ သစ်ရွက်အမှိုက်တွေ စိန်ပန်းပင်က အပွင့်ကြွေတွေ သစ်ကိုင်း အကျိူးအပဲ့ အပိုင်းအစတွေက ပြန့်ကျဲလို့။

အဲ့တာနဲ့ အိမ်ရှေ့မှာ တံမြက်စည်းလှဲ အမှိုက်ကောက်လုပ်နေတုန်း ရပ်ကွက်ထဲက မိတ်ဆွေတစ်ယောက် အိမ်ရှေ့လမ်းကနေ ဖြတ်လျှောက်ပြီး နှုတ်ဆက်လာတော့ လူမှုရေးအရ ပြန်နှုတ်ဆက်လိုက်ရတယ်။

နှုတ်ဆက်ပြီးတော့လည်း ကိုယ်လုပ်လက်စ အလုပ်ကို ဆက်လုပ်ရတာပေါ့။ တံမြက်စည်းအကြမ်းကိုကိုင်ပြီး မန်ကျည်းရွက် အမှိုက်တွေကို ခပ်ကြမ်းကြမ်းလေး လှဲပြီး တစ်နေရာမှာ စုပုံထားလိုက်တယ်။ သစ်ကိုင်းကျိုး အပိုင်းအစတွေကိုတော့ လက်နဲ့ပဲ အသာကောက်ပြီး လွှင့်ပစ်လိုက်တယ်။

နွေဦးပုံပြင်Where stories live. Discover now