အခန်း (၇) အဝါရောင် နာကျင်မှု
“ရွှေစေတီ ဘာသန္တရသင်တန်းကျောင်း” ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို မော့ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိတယ်။ မနေ့က ဦးဇင်းလေး ပေးလိုက်တဲ့ အင်္ဂလိပ်စာ Grammar အိမ်စာကို ကျနော် မလုပ်ခဲ့ရသေးဘူး။
မနေ့ ညနေတုန်းက သင်တန်းကအပြန် ချစ်ကိုနဲ့ ဂိမ်းဆိုင်သွားတယ်။ ညပိုင်း ကျတော့လည်း ချဲလ်ဆီးပွဲရှိလို့ လက်ဘက်ရည်ဆိုင်မှာ သွားကြည့်နေတာနဲ့ အချိန်ကုန် သွားခဲ့တာ။ ချဲလ်ဆီး ပရိတ်သတ်ဆိုတော့ တစ်ပွဲမှ အလွတ်မခံနိုင်ဘူးလေ။
မနက်ရောက်တော့လည်း ရွှေဟင်္သာကျောင်းတိုက်က ကိုရင်တွေနဲ့ ဘောလုံးချိန်းကန်ပြီး မေ့သွားပြန်ရော။ သင်တန်းကျောင်း အရှေ့ရောက်မှ ပြန်သတိရတယ်....။ ကောင်းကြပါလေရော....။
အစတုန်းက ဒီဘုန်းကြီးကျောင်းမှာ ကွန်ပျူတာပဲ သင်ရမယ် မှတ်နေတာ။ ဒါပေမဲ့ အင်္ဂလိပ်စာ သဒ္ဒါပိုင်းလည်း သင်ပေးတော့ တက်လိုက်ရတာပေါ့။ ဂျပန်စာသင်ပေးတဲ့ ဦးဇင်းလေး တစ်ပါးလည်း ရှိတယ်။
ကျနော်နဲ့ ချစ်ကိုကတော့ ဂျပန်စာ မသင်ဖြစ်ဘူး။ စိတ်လည်း သိပ်မဝင်စားလို့...... အင်္ဂလိပ်စာတောင် အဒေါ်တွေ မိဘတွေ အတင်းတက်ခိုင်းလို့ တက်ရတဲ့သဘော။ ပညာဒါန သင်တန်းဆိုတော့ သူတို့အိတ်ထဲက ပိုက်ဆံ မထွက်ရဘူးလေ။ အဲ့တော့ သင်ပေးတာ မှန်သမျှ အတင်းတက်ခိုင်းတော့တာ။
သင်တန်းကျောင်းထဲ မဝင်သေးဘဲနဲ့ အရှေ့မုခ်ပေါက်မှာ ရပ်စောင့်နေရတာ ချစ်ကို ဆွဲခေါ်ထားလို့။ သကောင့်သားက သူကြိုက်နေတဲ့ အစ်မကြီး သင်တန်းအလာကို စောင့်နေတာ။ ကျနော်က သူနဲ့အတူ လာခဲ့တာဆိုတော့ အဖော်လုပ်ပြီး စောင့်ပေး နေရတာပေါ့။
“ချစ်ကို ၊ နေပူတယ်ကွာ အထဲဝင်စောင့်လည်း ရတာပဲဟာ”
“အထဲရောက်ရင် ဦးဇင်းလေးက ကွန်ပျူတာ နှိပ်ခိုင်းတော့မှာ ၊ စကားပြောဖို့ အချိန်ရမှာ မဟုတ်ဘူး”
“အဲ့တာဆိုလည်း မင်းဘာသာ တစ်ယောက်တည်း စောင့်နေခဲ့ပေတော့ ၊ ငါတော့ သွားပြီ”
YOU ARE READING
နွေဦးပုံပြင်
Romanceနွေဦးရွက်ကြွေတွေနဲ့အတူ မျောလွင့်ပြီး ပျံသန်းလာခဲ့တဲ့ ငှက်မလေးအကြောင်း