အခန်း (၁၄) ချဲလ်ဆီး Vs နာပိုလီ

802 12 0
                                    

အခန်း (၁၄)         ချဲလ်ဆီး Vs နာပိုလီ

အချိန်ကား ညနေ ၃နာရီ ၃၆မိနစ်ခန့်။ GTC ကျောင်းဝန်းထဲက ကော်ရစ်ဒါ တစ်ခုမှာ ကျနော်နဲ့ နွေဦး စာကျက်နေကြတယ်။ စာကျက်ဆို စတုတ္ထနှစ် ပထမတစ်ဖြတ်ရဲ့ နောက်ဆုံး စာမေးပွဲက နီးကပ်လာလို့ မကျက်မဖြစ် ကျက်နေကြရတာ။ 

ကျနော်ကတော့ အောင်မှတ်ရရုံလောက်ပဲ ကျက်တဲ့ကောင် ဆိုတော့ နည်းနည်းပါးပါး ကျက်မှတ်ပြီး နွေဦးပေါင်ပေါ်မှာ ခေါင်းမှီအိပ်နေတာ။ သူကတော့ စာထိုင်တွက်နေတာပဲ ၊ ရူပဗေဒ ပုစ္ဆာတွေလား ဘာတွေလဲတော့ မသိပါဘူး။

ကျောင်းရှေ့က ​မှောင်ဝ်..မှောင်ဝ်သည် (အချဥ်ပေါင်းသည်)ဆီက ဝယ်လာခဲ့တဲ့ မာလကာသီးသုပ်ကို တစ်ဖတ်ချင်းဝါးလိုက်.... ခေါင်းကို လက်နဲ့ကုတ်ရင်း ပုစ္ဆာတွေ တွက်လိုက်နဲ့ အလုပ်ရှုပ်နေတယ်။

ကျနော်ကတော့ ပေါင်ပေါ်မှာ ဇိမ်ခံရင်း သူလုပ်သမျှကို လိုက်ကြည့်နေတယ်။ နွေဦးက ဘယ်ကနေ ခေါင်းကုတ်တဲ့ အကျင့်ကူးခဲ့တယ်တော့ မသိဘူး။ သူစဥ်းစားရကျပ်တဲ့ အချိန်တိုင်း ခေါင်းကို တဗျင်းဗျင်းနဲ့ ကုတ်​နေတာပဲ။

အဲ့အကျင့်ကို ပြင်ပါလို့ ပြောတော့လည်း မပြင်ဘူး။ အငယ်ကတည်းက အကျင့်ပါနေခဲ့တော့ ပြင်ဖို့ကြိုးစားလည်း မရတော့ဘူးလို့ ပြောတယ်။ တစ်ခါတလေ စကားများတဲ့ အချိန်တွေဆိုရင် သူက ကျနော့်ကို ကျွဲကြီးလို့ ခေါ်သလို ကျနော်ကလည်း သူ့ကို “မျောက်မ”လို့ ပြန်ခေါ်တယ်။

ကျနော်တို့ အတွဲက တွဲခါစတုန်းကတောင် သူငယ်ချင်း အထာနဲ့ပဲ နေကြတဲ့အတွဲ။ အခု ချစ်သူသက်တမ်း ၂ နှစ်​ ကျော်ပြီဆိုတော့ ပိုဆိုးပေါ့ဗျာ။ သူငယ်ချင်း အဆင့်ထက် ပိုပြီးလည်း ရင်းနှီးတယ် ၊ သမီးရည်းစား ပုံစံခွက်ထဲလည်း မကျပြန်ဘူး။  

ကျနော်ဇိမ်ကျနေတာကို နွေဦးက ငုံ့ကြည့်ပြီး မနာလို ဖြစ်နေပုံရတယ်။ သူ့မျက်လုံးမှာ အမြင်ကတ်တဲ့ အရိပ်အယောင်တွေ ပါနေတယ်။ သိပ်မကြာလိုက်ပါဘူး။ သူ့ရဲ့ ဒေါသတွေကို ပုံချဖို့ ကျနော့်ဘက် လှည့်လာတော့တာပဲ။

“ဟဲ့ နင် စာထကျက်ဖို့ စိတ်ကူးမရှိတော့ဘူးလား ၊ ငါ့ ပေါင်ပေါ်မှာပဲ တစ်သက်လုံး အိပ်နေတော့မှာလား”

နွေဦးပုံပြင်Where stories live. Discover now