အခန်း (၁၀) ခွဲခွာခြင်းတရား

430 17 2
                                    

အခန်း (၁၀)                        ခွဲခွာခြင်းတရား

 

ဟိတ်ကောင် ရဲလင်းအောင် မင်းဖုန်းလာနေတယ်”

ဗျာ...!!!

“ဖုန်းလာနေတယ်.... မင်းကောင်မလေးလားတော့ မသိဘူး နွေဦးကဗျာတဲ့”

“ဟုတ်..ဟုတ် လာပြီဗျ”

ရပ်ကွက်ဘောလုံးကွင်းထဲ ဘောလုံးကန်နေတုန်း ကွင်းဘေးမှာ ထိုင်နားနေတဲ့ အကိုကြီး တစ်ယောက်က ကျနော့်ရဲ့ ဖုန်းလာနေကြောင်း အော်ဟစ်ပြီး အသိပေးတယ်။ ကျောင်းပိတ်ရက် ဆိုတော့ ညနေခင်း ခပ်ပျင်းပျင်းရှိလှတာနဲ့ ရပ်ကွက်ထဲက ကွင်းမှာ အပျော်ပွဲ ဝင်ကစားနေတာ။

ကျောင်းမှာရှိတဲ့ မေဂျာ ဘောလုံးအသင်းထဲ ပါခဲ့ပေမယ့် အဒေါ့်အိမ်က မြို့ထဲမှာ ဆိုတော့ ထရိန်နင်လုပ်ဖို့ အဆင်မပြေလို့ ထွက်လိုက်တာ။ ဒီလိုနဲ့ ကြုံရင်ကြုံသလို အပျော်ပွဲမှာပဲ ဝင်ကန်ဖြစ်တော့တယ်။

ဘောလုံးကွင်းဘေးမှာ ထိုင်နေတဲ့ အကိုကြီးက ကျနော်တို့ အသင်းထဲကပဲ ၊ ပထမ တစ်ပိုင်းဆော့ပြီး မောလို့ ခဏနားနေတာ။ ကွင်းထဲက ကစားဖော်တွေကို ကျနော် ခဏနားလိုက်ဦးမယ်လို့ လက်ဟန်ခြေဟန်ပြပြီး အပြင်ဘက် ထွက်လာခဲ့တယ်။

“ရော့...မင်းဖုန်း ၊ ငါမင်းနေရာမှာ ဝင်ကစားပေးထားမယ်... အေးဆေးပြော”

“ဟုတ်... အကိုကြီး ၊ ဟယ်လို နွေဦးပြော...”

ဟယ်လို...

“နွေဦး နင်ဘာဖြစ်နေတာလဲ ၊ အသံက ညောင်နာနာနဲ့”

“ငါနေမကောင်းလို့......”

“ဟေ ဘယ်လို ဖြစ်တာတုန်း”

“ဒီလိုပါပဲဟာ..... အအေးပတ်ပြီး ဖျားတယ် ထင်တာပါပဲ ၊ ငှက်ဖျားလား ဝက်ဖျားလား မသိပါဘူး.”

“သြော်...အေး ငါက ဘောလုံးကန်နေတာ ၊ ဘာပြောမလို့လဲ ပြောလေ”

“ငါအကူအညီ တစ်ခုလောက်တောင်းချင်လို့....”

“အေးပါ ပြောစမ်းပါ ၊ နေမကောင်းမှ ယဥ်ယဥ်ကျေးကျေးတွေ ဖြစ်လို့ပါလား”

“ရဲကြီး ငါ့ကို မစနဲ့နော်...အခု ပြန်အော်ဖို့ အားမရှိသေးလို့ ၊ အဟွတ်...အဟွတ်”

နွေဦးပုံပြင်Where stories live. Discover now