အခန်း (၁၆) ရောဂါသည်မလေး ကျနော့်ချစ်သူ

604 12 1
                                    

အခန်း (၁၆)       ရောဂါသည်မလေး ကျနော့်ချစ်သူ

 

ဂျွန်လရဲ့ ဒုတိယအပတ် တနင်္ဂနွေနေ့ ညနေခင်းမှာ အမင်္ဂလာ သတင်းကို သယ်ဆောင်လာမယ့် ဖုန်းကောလ်တစ်ခု ဝင်လာခဲ့တယ်။ ကျနော်က ရပ်ကွက် ဘောလုံးကွင်းထဲမှာ အပျော်ပွဲ ကန်နေတဲ့ အချိန်မှာပေါ့။

ကွင်းဘေးမှာ ထိုင်နေတဲ့ ချစ်ကိုက “ကိုရဲကြီးရေ နွေဦးဆီက ဖုန်းလာနေတယ်”လို့ အော်လိုက်တဲ့ အချိန်မှာ ကွင်းထဲကနေ ထွက်လာခဲ့ လိုက်တယ်။

နွေဦးရဲ့ ဖုန်းနဲ့ ခေါ်တဲ့ အဝင်ကောလ် ဆိုပေမဲ့ ​ဟယ်လိုဆိုပြီး ကြားလိုက်ရတဲ့ အသံက ဦးလေးရဲ့ အသံ (နွေဦးရဲ့ အဖေ) ဖြစ်နေတယ်။ ဦးလေးပြောတဲ့ သတင်းစကားကို အတိုချုံး ပြောပြရရင်တော့ နွေဦး ကျန်းမာရေး အခြေအနေ ပိုဆိုးလာလို့ ဆေးရုံ တင်လိုက်ရပြီတဲ့။

တက္ကသိုလ် စတုတ္ထနှစ် ဒုတိယတစ်ဖြတ်တက်ဖို့ ကျနော် စစ်ကိုင်းကို စရောက်ကတည်းက နွေဦးက နေမကောင်း ဖြစ်နေခဲ့တာ။ အရင်တုန်းကဆို ရွာသစ်ကြီးက ပြန်လာပြီး စစ်ကိုင်းကို ရောက်ရင် နွေဦးနဲ့ ဟိုဟိုဒီဒီ သွားလည်နေကျ။

ဒီတစ်ခေါက်တော့ သူနေမကောင်း ဖြစ်နေတာနဲ့ အိမ်ကိုပဲ အလည်သွားပြီး အဖော်ပြု ပေးလိုက်တယ်။ နွေဦးက တက္ကသိုလ်မှာ ကျောင်းအပ်ပြီးပြီ ဆိုပေမဲ့ နေသိပ်မကောင်းလို့ ကျောင်းမသွား နိုင်တဲ့ ရက်က ခပ်များများပါ။

ကျနော်လည်း ကျောင်းသွားကျောင်းပြန် သူ့ဆီ သွားတွေ့ပြီး အချိန်ရှိသလောက် အဖော်ပြု ပေးပါတယ်။ ကျန်းမာရေး ချူချာတဲ့သူမို့ နေမကောင်းဖြစ်တာ အထူးအဆန်း မဟုတ်ပေမယ့် ဒီတစ်ခေါက် သူသိသိသာသာ ပိန်သွားတာကို သတိထားမိတယ်။

နွေဦးကတော့ ဆေးတွေ အများကြီး သောက်ရလို့ ဆိုပြီးတော့ ဆေးကိုပဲ အပြစ်ပုံချတယ်။ နေသိပ်မကောင်းလို့ပဲလားတော့ မသိဘူး။

အရင်လို ဂျစ်တူးတူး စကားတွေ ​ သိပ်မပြောတော့ဘဲ အပြုအမူ အနေအထိုင်က တည်တည်ငြိမ်ငြိမ်လေး ဖြစ်နေတယ်။

သူနဲ့ အနီးကပ် နေလာတဲ့ လူဆိုတော့ အရင်ကထက်ပိုပြီး ရင့်ကျက်လာတာကို သတိထား မိတယ်။ တရားစခန်းက ထွက်ပြီးနောက်ပိုင်း အမြင်ကတ်စရာ ကောင်းအောင် လူကြီး စကားတွေ လျှောက်ပြောပြီး ဆရာလုပ်တာမျိုးတော့ ရှိတာပေါ့။

နွေဦးပုံပြင်Where stories live. Discover now