အခန်း (၆) ကံ့ကော်ပန်း၏ မွှေးရနံ့
“နွေဦး.... လမ်းကို ကြည့်မောင်း ၊ အောက်ကိုပဲ ငုံ့ကြည့်မနေနဲ့”
“ရဲကြီး.... ဂီယာက နောက်ပြန် နင်းမရဘူး ဖြစ်နေတယ်ရော် ၊ လုပ်ပါဦး”
“အဲ့တာ နောက်မှလုပ်.... ၊ လမ်းကြည့်မောင်း အရှေ့မှာ ချိုင့်ခွက်ကြီး”
“အမလေး...!!! သေပါပြီ”
“လက်ကိုင်ကို မရမ်းစေနဲ့...... လမ်းကိုသေချာကြည့် ၊ သေချာကြည့်ပါဆို”
“ကြည့်နေတာပဲလို့...... ဂီယာကို အနောက်ပြန်ဆုတ်လို့ မရဘူးဟ”
“နင်က လီဗာကြီးဆွဲပြီး ဂီယာသွားချိန်းတာကိုး ၊ လီဗာကို နည်းနည်းလျော့ပြီး ဂီယာချိန်း ကြည့်လိုက်”
“ချက်...ချက်...!!”
“ရသွားပြီ...ရသွားပြီ”
“အနောက်ကို လှည့်မကြည့်နဲ့.... လမ်းကိုကြည့်ပြီးမောင်း ၊ ဘောလုံးကွင်းထဲမှာ မလို့ပေါ့ ကားလမ်းပေါ်မှာဆို နင်သေနေပြီ”
“ဟဲဟဲ...ဟုတ်ကဲ့ပါ ဆရာကြီး ၊ အရှိန်လျှော့ပြီး ရပ်ရင်ရော ဂီယာချိန်းရသေးလား”
“မလိုပါဘူး....လီဗာကို ဖြည်းဖြည်းချင်းလျှော့ပြီး ရပ်လိုက်ရင် ရတာပဲဟာ”
“အွန်း..အွန်း ၊ ဟိုကုက္ကိုပင်အောက် ရပ်ကြည့်မယ်နော်”
“အင်း....ဖြည်းဖြည်း ဖြည်းဖြည်း”
“.............”
“အဟေးဟေး...ငါဆိုင်ကယ် စီးတတ်သွားပြီ ၊ နှစ်ရက်ထဲနဲ့ အပြတ်သင်တာနော်.... နွေဦးကဗျာကွ.... ဘာမှတ်နေသလဲ ၊ ဗလမရှိပေမယ့် ဇရှိတယ်တော့ လုပ်လိုက်”
“ဒူးပြဲခံပြီး သင်ပေးတဲ့ ဆရာကလည်း တော်လို့ပါ”
“နည်းနည်းလေး ပွန်းသွားတာကိုများ... စာဖွဲ့ပြီး ပြောနေသေးတယ်”
“အလကားလည်း သင်ပေးရသေးတယ်... အကောင်းလည်း အပြောမခံရဘူး”
“ခစ်ခစ် နောက်တစ်ခေါက်လောက် ဘောလုံးကွင်းတစ်ပတ် စီးကြည့်လိုက်ဦးမယ် ၊ ပြီးရင် တံတားဟောင်းဘက် ဆိုင်ကယ်လျှောက်စီးရအောင် ၊ ပြီးရင် တံတားအသစ် ဘက်ကနေပြန်လာမယ်”
YOU ARE READING
နွေဦးပုံပြင်
Romanceနွေဦးရွက်ကြွေတွေနဲ့အတူ မျောလွင့်ပြီး ပျံသန်းလာခဲ့တဲ့ ငှက်မလေးအကြောင်း