Chapter-4

1K 124 0
                                    

【Unicode】

အခန်း(၄)
၀က်ကလေး၏ လှပသော အိပ်မက်

"ဟွင်း...ဟွင်း..."
ဧရာမအစွယ် တော၀က်၏ တုတ်ခိုင်လှသော ခန္ဓာကိုယ်မှာ ‌လွန်စွာ ဒေါသထွက်နေပြီး သူမှုတ်လိုက်သော လေများမှာ ပတ်ဝန်းကျင်ကိုတောင် အပူချိန်မြင့်တက်လာစေသည်။ လူတိုင်း သူတို့ရှေ့မှ ဧရာမ သတ္တဝါကြီးကို မော့ကြည့်လိုက်ကြသည်။

ခန္ဓာကိုယ်မှာ ငါးမီတာ ရှည်လျားပြီး ကြောက်မက်ဖွယ်ရာ ဧရာမအစွယ်ကြီးမှာလည်း ငါးမီတာ ရှည်သည်။ သန်မာသောကြွက်သားများနှင့် အပြင်ပိုင်းမှာလည်း ကျောက်ခဲကဲ့သို့ မာကြောသည်။
သေချာပေါက် အမြီးလည်းနှစ်ချောင်းလည်း ပါရှိနေသေးသည်။

"ရန်မစမိစေနဲ့ ၀က်ပေါက်လေးရဲ့ အလောင်းကို မတွေ့ခင် ချက်ချင်း ပြန်ဆုတ်ကြ"

လင်းချီ သူ့ကိုယ်ကို တည်ငြိမ်စေရန် တွန်းအားပေး၍‌ ခပ်တိုးတိုးပြောလိုက်သည်။ လင်းချီ၏ အသံကို ကြားမှ အခြားသူတွေလည်း ကမန်းကတန်း အသိပြန်၀င်လာသည်။
အကြောက်တရားမှာ သူတို့၏ နှလုံးသားထဲတွင် ကိန်းအောင်းနေပြီး ပြေးနေရင်းပင် ခြေထောက်များ တုန်ခါနေသည်။

ကံမကောင်းစွာနှင့် တော၀က်ကြီးမှာ သူ့ကလေး၏ အနံ့ကို မမှတ်မိဖို့ရာ မဖြစ်နိုင်ပေ။ သနားစရာကောင်းစွာ သေဆုံးနေသော သူ့ကလေး၏ အလောင်းကို ချက်ချင်း ရှာတွေ့သွားပြီး ပူဆွေးသောကရောက်စွာ တစ်ချက် မြည်ကြွေးလိုက်သည်။ သူ၏ဧရာမ အစွယ်များဖြင့် ညင်သာစွာ မလိုက်ပြီး သူ၏ကလေးကို လမ်းပြန်လျှောက်စေချင်နေပုံပင်။ သို့သော်လည်း မကြာမီတွင် သူ၏ကလေးမှာ ထာ၀ရသူ့ကို ခွဲခွာသွားပြီဖြစ်ကြောင်း နားလည်လိုက်သည်။

ပူဆွေးသောကများနှင့်တကွ နားကွဲမတတ် အော်ဟစ်မြည်တမ်းလိုက်ပြီး မကြာမီ မကောင်းဆိုးဝါးသားရဲကြီးမှာ  မြေပြင်ကို နှစ်ချက်သုံးချက်ခန့် ယှက်၍ နှာ‌မှုတ်ပြီး လူအုပ်ကြီးဆီသို့ တရှိန်ထိုး ပြေးထွက်လာခဲ့သည်။
"ပုံစံဖွဲ့ပြီး ဆက်ခံသူတွေကို ကာကွယ်ကြ..."

ခေါင်းဆောင်၏ အမိန့်ကို ကြားသောအခါ မြင်းစီးသူရဲအားလုံး ပုံစံယူလိုက်ကြသည်။ သူတို့၏ အဓိက တာ၀န်မှာ မြင့်မြတ်မိသားစုများ၏ ဆက်ခံသူ သခင်လေးများကို ကာကွယ်ရန်ပင်။

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now