Unicode
အပိုင်း - ၇၂ (နဂါးကြီးများ အသိုက်သို့အပြန်)လင်းချီ ဥကို ခွဲနိုင်သည်ဖြစ်စေ မခွဲနိုင်သည်ဖြစ်စေ ကုန်အောင် စားနိုင်မည် မဟုတ်ပေ။ တစ်လုပ်စားရုံနဲ့တင် သေလောက်အောင် ဗိုက်တင်းစေလိမ့်မည်။
လင်းချီ မစားနိုင်လျှင်တောင် သူနဲ့အတူ ယူသွားနိုင်သည်။ လင်းချီသည် ယခင်ဘဝက ခွေးမွေးမြူဖူးသည့် အတွေ့အကြုံကို အသုံးပြုလိုက်သည်။ ခန္ဓာကိုယ်ပိုကြီးလေ ပိုစားနိုင်လေ ဆိုတော့ ခန္ဓာကိုယ်အတွက် ပိုကောင်းလေဖြစ်သည်။ ထို့ကြောင့် လင်းချီလည်း အသိုက်ထဲမှ အကြီးဆုံး နဂါးဥကို ကောက်ယူပြီး တိတ်တဆိတ် ချိန်ဆကြည့်လိုက်သည် ။
နဂါးဥသည် လင်းချီထက် ဦးခေါင်းတစ်လုံးစာသာ ပုသည်။ ကံကောင်းထောက်မစွာ ဥမှာ အလွန်လေးလံခြင်းမရှိပေ။ သို့မဟုတ်ပါက ၎င်းကို သယ်ဆောင်နိုင်မည်မဟုတ်ချေ။
လင်းချီ အချိန်ကို တွက်ချက်လိုက်သည်။ ဂူထဲကို ဝင်လာသည်မှာ ခြောက်နာရီကျော်နေပြီဖြစ်၏။ အကယ်၍ သူတို့ ယခု မထွက်ခွာပါက ဧရာမ နဂါးများ အုပ်စု ပြန်ရောက်လာနိုင်သည်။
သူတို့ ထိုနေ့တွင် သွားကြမည်ကို ခွေးနက်ကြီးက သိနေသောကြောင့် နဂါးကြီးတွေ ဘာလုပ်နေသနည်းဟု မေးမြန်းခြင်းဖြင့် မဟူရာဘုရင်ကို စမ်းသပ်ခဲ့သည်။ အစပိုင်းမှာတော့ သူက ဘာမှ မပြောလိုပေမယ့် နောက်ပိုင်းမှာတော့ လင်းချီကို မကွယ်ဝှက်ထားတော့နိုင်ပေ။
နှစ်စဉ်နှစ်တိုင်း ဧရာမနဂါးကြီးများမှာ အုပ်စုလိုက် မိတ်လိုက်ပွဲလုပ်ရန် သာယာသောနေရာတစ်ခုကို ရှာဖွေကာ အတူတကွ ထွက်ခွာရန် နေ့တစ်နေ့ကို ရွေးချယ်ကြသည်။
ထိုသို့သော လုပ်ဆောင်ချက်သည် သန္ဓေတည်ခြင်း၏ အောင်မြင်မှုနှုန်းကို တိုးမြင့်စေသည်ဟု ဆိုကြသည်။
လင်းချီသည် ထိုစကားကို ကြားလိုက်သောအခါတွင် အချိန်အတော်ကြာအထိ ပြောစရာမဲ့သွားတော့၏။
'ကိုယ်ဝန်ဆောင်ခြင်းရဲ့ အောင်မြင်မှုနှုန်းကို တိုးမြှင့်ဖို့ ဆိုတာကို မေ့လိုက်စမ်းပါ အဲဒါက ဒီတိုင်း အုပ်စုလိုက်လုပ်ကြတဲ့ ပွဲကြီး မဟုတ်ဘူးလား?"
YOU ARE READING
မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်
FantasyAuthor: The Might Of Leaving Blank Genre: Eastern, Fantasy Status: 95 [Completed]