Chapter 71

90 6 0
                                    

Unicode
အပိုင်း - ၇၁ (ဒီဥကို ကြည့်လိုက် အကြီးကြီးနဲ့ လုံးနေတာပဲ)

အိပ်မက်နှင့် လက်တွေ့ဘဝကြား ကွာခြားချက်က ကြီးမားလှပေသည်။

လင်းချီနှင့် မဟူရာဘုရင်တို့လည်း သူတို့ရှေ့ရှိ ရွှေ၊ ငွေ နှင့် လက်ဝတ်ရတနာ တောင်ပုံကြီးကို ကြည့်နေသော်လည်း ဘာမှမတတ်နိုင်ပေ။

လင်းချီတစ်ယောက် သက်ပြင်းချရုံသာ တတ်နိုင်သည်။ ကံကြမ္မာက တကယ့်ကို လူတွေအပေါ် ကစားတတ်တာပဲ။

လင်းချီ စနစ်ကိုကြည့်လိုက်ပြီး အဆင့်မြှင့်တင်မှု မပြီးခင် ခြောက်နာရီသာ ကျန်ရှိတော့သည်ကို သူ‌တွေ့ရသည်။ သို့သော် ဧရာမ နဂါးကြီးများ ဘယ်အချိန် ပြန်လာမည်ကို မည်သူ သိမည်နည်း။

လင်းချီ သူ့အိတ်ထဲမှ ရွှေဒင်္ဂါးပြားများကို စွန့်ပစ်ကာ ရှားပါးပါဝင်ပစ္စည်းများနှင့် ဆေးဖက်ဝင်အပင်အချို့ကို သိမ်းဆည်းရန်မှတပါး ရွေးချယ်စရာမရှိပေ။

သူ့အရင်ဘဝတုန်းက သူ့နိုင်ငံတွင် ဆေးဖက်ဝင်ချက်ပြုတ်နည်းတစ်မျိုးရှိသည်။ ဗိုက်ပြည့်စေရုံသာမက ခန္ဓာကိုယ်ကိုလည်း သန်မာစေနိုင်သည့်အပြင် ရောဂါများကို ကုသရာတွင် အသုံးပြုနိုင်သည့် အထူးဖော်မြူလာအချို့ပင် ရှိသေးသည်။

စနစ်တွင် ဆေးဖက်ဝင် ဟင်းလျာများ ရှိမရှိ မသိသော်လည်း ပြင်ဆင်ထားတာက ပိုကောင်းသည်။

မသုံးနိုင်ရင်တောင်မှ ရောင်းလိုက်လျှင် ပိုက်ဆံအများကြီးရနိုင်သည်။

အရေးကြီးဆုံးအချက်မှာ ဆေးဖက်ဝင်ပစ္စည်းများမှာ ပေါ့ပါးပြီး အရွယ်အစားသေးငယ်သောကြောင့်ဖြစ်သည်။

ဤသို့ဖြင့် လင်းချီနှင့် ခွေးနက်ကြီးမှာ ဂူခုနစ်ခု ရှစ်ခုလောက်ကို ရှာဖွေရန် လေးနာရီကျော်ကြာခဲ့သည်။ လက်လျှော့လိုက်ရန် ကြံသောအခါ ဘာမှမရှိသလောက်ဖြစ်နေသော လှိုဏ်ဂူတစ်ခုဆီသို့ ရောက်လာကြသည်။

အဲ့ဒီဂူထဲတွင် စိန်တွေမှလွဲ၍ ဘာမှမရှိပေ။

လင်းချီ ပထမတော့ အံ့အားသင့်သွားသည်။ ဘာတွေဖြစ်နေတာလဲ? သူတို့ ဒီလမ်းတစ်လျှောက်လုံး ခရီးနှင်ခဲ့ပြီး နဂါးကြီးတွေ ဘယ်တော့ပြန်လာမယ်ဆိုတာ မသိပေမယ့်လည်း အားတင်းပြီး လျှောက်လာတာ နောက်ဆုံးမှာ ရလာတာ စိန်တွေတဲ့လား? အဲ့တာတွေက ဘာမှ လက်တွေ့ကျကျ အသုံးဝင်တာမှ မဟုတ်ဘဲ!

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now