Unicode
အပိုင်း - ၇၈ (နောက်ဆုံးတော့ ကုန်းမြေကိုတွေ့ခဲ့ပြီ)"ငါ ဒါကိုကြားပဲ ကြားဖူးတာ တစ်ခါမှ မမြင်ဖူးဘူး။” မဟူရာဘုရင်က ခေါင်းယမ်းလိုက်သည်။
"ဒါပေမယ့် အဲဒီငါးကတော့ လုပ်နိုင်တယ်!"
လင်းချီသည် အမှောင်ဘုရင်၏ အမြင်လမ်းကြောင်း နောက်ကို လိုက်ကာ ပူးတွဲချည်နှောင်ထားသည့် မြင့်မြတ်ရောင်စဥ်ငါးကို ကြည့်လိုက်သည်။ စောစောက မြင်ကွင်းကို သူ ရုတ်တရက် သတိရမိသွား၏။
လင်းချီသည် မရေရာမသေချာသော ခံစားချက်ရှိသော်လည်း ဘာလဲဆိုတာ ကောင်းကောင်း မဖမ်းဆုပ်နိုင်သေးချေ။
အမှောင်ဘုရင်က ဆက်လက်ရှင်းပြသည်။ "ဒဏ္ဍာရီအရတော့ မြင့်မြတ်ရောင်စဥ်ငါးနဲ့ နတ်ဆိုးငါးတွေက ကမ္ဘာ့ရန်ဘက်တွေဘဲ သူတို့တွေ တွေ့ဆုံကြတဲ့အခါ သေတဲ့အထိ တိုက်ကြလိမ့်မယ်။ ဒါပေမဲ့ မြင့်မြတ်ရောင်စဥ်ငါးတွေက အုပ်စုဖွဲ့နေထိုင်ကြပြီး နတ်ဆိုးငါးတွေက အများအားဖြင့် တစ်ကောင်တည်းသွားလာကြတာကြောင့် နတ်ဆိုးငါးတွေ ရှုံးနိမ့်တာက ပိုများတယ်။ အဲ့တာကြောင့် နတ်ဆိုးငါးတွေ မျိုးသုဉ်းသွားပြီလို့ ငါထင်ခဲ့တာ”
မဟူရာဘုရင်သည် မြင့်မြတ်ရောင်စဥ်ငါးကို လွှတ်ပေးလိုက်ပြီး သူ၏ပါးစပ်ကိုဖွင့်ကာ ကိုက်၍ ငါး၏သွေးများကို ပင်လယ်ထဲသို့ တစ်စက်စက်စီးကျစေခဲ့သည်။
“နတ်ဆိုးငါးနဲ့ မြင့်မြတ်ရောင်စဥ်ငါးတွေပာာ သူသေကိုယ်သေတိုက်ကြမယ့် ရန်သူတွေဖြစ်တာကြောင့် ထိခိုက်ဒဏ်ရာရနေတဲ့ မြင့်မြတ်ရောင်စဥ်ငါးတစ်ကောင်ကို သေချာပေါက် လျစ်လျူရှုထားမှာ မဟုတ်ဘူး။ နတ်ဆိုးငါးကို ငါတို့တွေ ရှာမတွေ့နိုင်မှတော့ သူတို့ကို လာရှာခိုင်းလိုက်တာပေါ့"
မဟူရာဘုရင်က ကောက်ကျစ်စွာ ရယ်မောလိုက်သည်။ အနက်ရောင်မျက်နှာကြီးသည် မြင့်မြတ်ရောင်စဥ်အလင်းရောင်အောက်တွင် ထူးထူးဆန်းဆန်းဖြစ်နေပုံရသည်။
လင်းချီသည်လည်း အလားတူ ရယ်မောလိုက်သည်။ ထို့နောက် သူသည် စနစ်ထဲမှ ပေါက်ကွဲစေတတ်သော အမဲသားအသားလုံးများကို လက်တစ်ဆုပ်စာ ထုတ်ယူလိုက်သည်။ "ဟားဟား၊ ဧည့်သည်လာမယ်ဆိုမှတော့ ငါတို့ဒီမှာရှိနေချိန်အတွင်း သူ့ရဲ့ 'ဂရုစိုက်မှု' ကို ပြန်ပေးဆပ်ဖို့ လက်ဆောင်တွေကို ငါ ပြင်ဆင်ထားလိုက်တာပေါ့!"
YOU ARE READING
မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်
FantasyAuthor: The Might Of Leaving Blank Genre: Eastern, Fantasy Status: 95 [Completed]