Unicode
အခန်း (၅၆) သဘောကျလက်ခံခြင်း
လင်းချီမှာ အလွန်လျင်မြန်သည်။ သူသည် သတ်မှတ်ထားသည့် အချိန်အတွင်း အရသာရှိသည့် အသားကင်ကို ကင်ပြီးသွားပြီဖြစ်သည်။
၎င်းသည် ဆီရွှဲကာ အရည်ရွှမ်း၏။ အထူး ဟင်းခတ်အမွှေးအကြိုင်များဖြစ်သည့် ငရုတ်ကောင်းနက်နှင့် ငရုတ်သီးမှုန့်တို့ ပါဝင်သောကြောင့် အေ့ာခ်မျိုးနွယ်စုဝင်များ၏ မျက်လုံးများမှာ တောက်ပနေသည်။ ၎င်းကို မစားရသေးသည့် အေ့ာခ်များမှာ သွားရည်ယိုနေကြသည်။
တချို့အော့ခ်များက အသားကင်အပူကို မကြောက်ကြပေ။ လင်းချီ အသားကင်ကို ကမ်းလိုက်သည်နှင့် အော့ခ်တစ်ယောက်က ၎င်းကို လက်ဗလာဖြင့်ယူလိုက်သည်။ ထို့နောက် အပူကြောင့် သူ့လက်နှစ်ခုကြား အပြန်ပြန် အလှန်လှန် ပစ်နေရသည်။ သူသည် ၎င်းကို ပါးစပ်ထဲထည့်ရန် မစောင့်နိုင်တော့ပေ။
အကယ်၍ အဝေးတွင် ရပ်ကြည့်နေသော မြင့်မြတ်မိန်းမပျိုကြောင့်သာ မဟုတ်ခဲ့ပါက သူတို့သည် ၎င်းအသားကင်ကို လုပြီးသည်မှာ ကြာပြီဖြစ်သည်။ ထိုသို့သော အစားအသောက်မျိုးသည် ကောင်ကင်ဘုံသို့ သွားကာ အော့ခ်နတ်ဘုရား၏ ဘုံဗိမ္မာန်တွင်မှ စားသောက်နိုင်လိမ့်မည်ဖြစ်၏။
အသားကင်က သိပ်မပူတော့ဘူးဆိုမှ နာဒါ့ခ်က သွားပြီး အသားကင်တစ်ခု တောင်းလိုက်သည်။ သူသည် အလုပ်များနေသောလင်းချီအား တစ်ချက်ကြည့်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိ စားလိုက်သည်။
အသားကင် သူ့ပါးစပ်ထဲသို့ ရောက်သွားချိန်တွင် နာဒါခ်၏ မျက်လုံးများသည် ပြူးနိုင်သလောက် ပြူးကျယ်သွားခဲ့သည်။ အကျိုးသက်ရောက်မှုက သိသာထူးခြားသည်။ ၎င်းသည် အေ့ာခ်နတ်ဘုရားမှ ချီးမြှင့်ပေးထားသည့် စွမ်းအားပြန်လည်ဖြည့်တင်းခြင်းမန္တန်များထက်ပင် ပိုမြန်သေးသည်။ သူသည် အဆုံးမရှိသည့် စွမ်းအားတစ်ခု ပိုင်ဆိုင်ထားရသကဲ့သို့ ခံစားရပြီး တစ်ချက်တည်းနှင့် တောဝံပုလွေ ငါးကောင်ကိုပင် သတ်နိုင်လိမ့်မည်ဟုပင် တွေးနေသည်။
နာဒါ့ခ်သည် သူ့မျက်လုံးများကို မှိတ်လိုက်ပြီး အေ့ာခ်နတ်ဘုရားအား အလေးအနက်ပြုတောင်းပန်လိုက်သည်။ ထို့နောက် အသားကင်နောက်တစ်ခုကို သစ်ရွက်နီတစ်ခုဖြင့် သေချာဂရုတစိုက် ထုတ်ပိုးလိုက်ကာ မြင့်မြတ်မိန်းမပျိုထံ သွားပြီး လေးစားစွာ ၎င်းကို သူမအား ဆက်သလိုက်သည်။
YOU ARE READING
မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်
FantasyAuthor: The Might Of Leaving Blank Genre: Eastern, Fantasy Status: 95 [Completed]