Chapter 59

174 14 0
                                    

အပိုင်း - ၅၉ (ထူးဆန်းသော ပျောက်ဆုံးမှု)

လင်းချီ ခဏမျှ ဖြည်းညှင်းစွာ လမ်းလျှောက်လာပြီးနောက် မှိုအနည်းငယ်ကို ကောက်ယူလိုက်သည်။ ထို့နောက် ၎င်းတို့ကို စနစ်သိုလှောင်ရုံတွင် ထည့်ပြီး အခြားပါဝင်ပစ္စည်းများကို ရှာဖွေရန် ဆက်သွားခဲ့သည်။ 

သူချက်ပြုတ်ရန် ကြံစည်နေသော ဟင်းပွဲမှာ ဆာလောင်မှုငြိမ်း လတ်ဆတ်သော မှိုဟင်းချို ဟုခေါ်သည်။ အထူးအာနိသင်မရှိသော သာမာန်ဟင်းတစ်မျိုးဖြစ်ပြီး ၎င်းမှာ ဆာလောင်မှုကို ဟန့်တားရုံသာဖြစ်၏။ 

တစ်လုပ်သောက်လိုက်ခြင်းဖြင့် အရွယ်ရောက်ပြီးလူကြီးတစ်ယောက်အား တစ်နေ့တာလုံး ဗိုက်ပြည့်စေနိုင်သည်။ ဘရူမျိုးနွယ်စုလိုအပ်နေသည်မှာလည်း ဤကဲ့သို့သော ဟင်းလျာမျိုးဖြစ်သည်။

အက်ဆစ်မိုးရွာနေခြင်းကြောင့် သွားလာရခက်ခဲသဖြင့် မိုးကာအင်္ကျီအောက်တွင်သာ သေချာပုန်းခိုပြီး ဂရုတစိုက်လှုပ်ရှားနေရသည်။ သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုခုသာ ၎င်းအက်စစ်မိုးနှင့် ထိတွေ့မိလျှင် လောင်ကျွမ်းသွားလိမ့်မည်ဖြစ်၏။ လင်းချီသည် သူ့လက်ပေါ်ရှိ လောင်ကျွမ်းရာများကို ကြည့်ပြီး ခေါင်းကိုက်လာသည်။ 

ယခု သူ့ရှေ့ကသစ်ပင်ပေါ်ရှိ မှိုများကို ခူးဆွတ်ချင်‌နေသည်။ ၎င်းသည် ဆာလောင်မှုငြိမ်း လတ်ဆတ်သော မှိုဟင်းချိုအတွက် လိုအပ်သော ပါဝင်ပစ္စည်းများထဲမှ တစ်ခုလည်း ဖြစ်၏။ သို့သော် ၎င်းမှိုသည် သူ့ထက် အနည်းငယ် မြင့်မားနေပြီး လင်းချီမှာ မိုးကာအင်္ကျီဝတ်ထားလျက်ကြီးနှင့် တက်မခူးနိုင်ပေ။ 

‘အကြံရပြီ အဲ့တာကို တစ်ခုခုသုံးပြီး ရိုက်ချလိုက်မယ် ငါမတက်သွားနိုင်မှ‌တော့ သူ့ကို ဆင်းလာခိုင်းရတော့မှာပေါ့’ 

လင်းချီသည် သစ်ပင်ကို နှစ်ကြိမ်လှည့်ပတ်ပြီးနောက် အကြံတစ်ခုရလာသည်။ 

အနီးနားတွင် မိုးရေမစိုသော ကျောက်တုံးနှစ်တုံးကို ရှာလိုက်ပြီး သစ်ကိုင်းပေါ်ရှိ မှိုများကို ချိန်လိုက်ကာ ကျောက်တုံးများကို ပစ်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူ မထိအောင်လည်း ခေါင်းကို အမြန်ငုံ့လိုက်၏။ 

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now