Unicode
အပိုင်း - ၈၀ (ဆန္ဒကို သိက္ခာနဲ့ ထိန်းပါ)သူတော်စင်မိန်းမပျို၏လက်က လင်းချီ၏မျက်နှာကို ပွတ်သပ်ကာ ဖြည်းညှင်းစွာ အောက်သို့ ရွေ့လျားသွားသည်။ သူ၏နှုတ်ခမ်းအား သူမ၏လက်ညိုးထိပ်ဖြင့် အသာအယာထိလိုက်၏။
သူ၏ မေးစေ့မှတစ်ဆင့် လည်ပင်းကို ထိတွေ့ကာ အောက်သို့ ဆက်လက်ရွေ့လျားသွားသည်။
လင်းချီ၏ မျက်နှာမှာ နီမြန်းလာသည်။ သူ စိတ်လှုပ်ရှားစွာ မျက်လုံးကိုမှိတ်ထားပြီး သူ၏အသက်ရှုသံသည်လည်း တဖြည်းဖြည်း မြန်လာတော့သည်။
နောက်ဆုံးတွင် သူတော်စင်မိန်းမပျို၏လက်သည် လင်းချီ၏ရင်ဘတ်ပေါ်တွင် ရပ်တန့်သွားခဲ့သည်။
သူမက လင်းချီ၏ ရင်ဘတ်ကြွက်သားများကို လိုက်စမ်းနေသည်။ “ရှင်က အရမ်းသန်မာတာဘဲ။ ကျွန်မ ဒါကို အရင်က သတိမပြုမိလိုက်ဘူး။"
သူတော်စင်မိန်းမပျိုသည် လင်းချီကို ကျီစားနေလေသည်။ သူမသည် လင်းချီ၏ရင်ဘတ်ပေါ်တွင် စက်ဝိုင်းပုံများ ခပ်ဖွဖွ ရေးဆွဲလိုက်ရာ လင်းချီ တုန်လှုပ်သွားပြီး သူ၏အစာအိမ်ထဲမှ ပူနွေးသော လျှပ်စီးကြောင်းကို ခံစားလိုက်ရ၏။
"လူငယ်လေး၊ ရှင်က အရမ်းရှက်တတ်တာပဲ" သူတော်စင်မိန်းမပျိုက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။
သူမသည် ဆက်လက်၍ အောက်သို့ဆင်းခါနီး၌ လင်းချီသည် သူမ၏လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်လေသည်။ "ဒါကို ကျနော်တို့ ဒီအတိုင်းထားလိုက်ကြရင်ရော? ဒါက သိပ်မကောင်းဘူးလို့ ထင်တယ်နော်.…”
"ဟားဟား ဒါက မကောင်းဘူးတဲ့လား" သူတော်စင် မိန်းမပျို၏ မျက်နှာသည် အနီရောင် ပန်းသီးမှည့်တစ်လုံးကဲ့သို့ ရဲတွတ်နေသည်။
"ဒါဆိုရင် ရှင့်ရဲ့ သူငယ်ချင်းလေးက ဘာလို့…. တက်ကြွနေတာလဲ" သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို တစ်ခုခုကထိုးနေသကဲ့သို့ သူမ ခံစားလိုက်ရ၏။
ထိုအခိုက်အတန့်တွင် လင်းချီသည် ပုန်းအောင်းရန် အပေါက်တစ်ပေါက်ကို ရှာချင်သော်လည်း သူ ဘာမှမတတ်နိုင်ပေ။ သူတော်စင်မိန်းမပျိုက အလွန်ဆွဲဆောင်မှုရှိနေသောကြောင့် သူ တောင့်မခံနိုင်တော့ပေ။
YOU ARE READING
မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်
FantasyAuthor: The Might Of Leaving Blank Genre: Eastern, Fantasy Status: 95 [Completed]