Chapter 73

93 7 0
                                    

Unicode
အပိုင်း - ၇၃ (ချည်မျှင်ဖြင့် တွဲလောင်းချည်ခံထားရသကဲ့သို့)

ဧရာမနဂါးကြီးများသည် အသက်ရှည်ပြီး အစွမ်းကြီး‌သော မျိုးနွယ်ဖြစ်ကာ စစ်ပွဲများကိုလည်း ရှောင်ရှားကြသည်။ သူတို့၏ တစ်ခုတည်းသော ဝါသနာမှာ အဖိုးတန်ပစ္စည်းများ စုဆောင်းခြင်းနှင့် မိတ်လိုက်ခြင်း ဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် လက်စားချေလိုသောဆန္ဒ ပြင်းပြသောကြောင့် နဂါးမျိုးနွယ်အား ရန်ရှာဝံ့သော သတ္တဝါမှာ အနည်းငယ်မျှသာရှိသည်။

ထို့ကြောင့် ဧရာမ နဂါးမျိုးနွယ် ဒီလောက် ဒေါသမထွက်ရသည်မှာ ကြာခဲ့ပြီဖြစ်သည်။

“လူမြင်ကွင်းက‌နေ အကြာကြီး ပျောက်ကွယ်သွားပြီးနောက်မှာ ဧရာမနဂါးမျိုးရိုးရဲ့ ကြောက်စရာကောင်းပုံတွေကို ကမ္ဘာကြီးက မေ့သွားပုံပဲ အခွင့်အရေးရရင် ရသလောက် မိုက်မဲတဲ့ ကြောင်တွေ ခွေးတွေလည်း ရှိ‌သေးတယ်ဆိုမှတော့ ဒီနေ့ အကြောက်တရားဆိုတာကို သူတို့ မှတ်မိအောင် ကူညီလိုက်ကြတာပေါ့”

နက်ရွှေရောင်နဂါးကြီးသည် လေထဲတွင် ဒေါသတကြီး ဟိန်းဟောက်နေသည်။

....

လင်းချီသည် အလွန်ကြောက်နေပြီဖြစ်၏။ ဧရာမ နဂါးမျိုးရိုးသည် ၎င်းတို့၏ အမြန်နှုန်းကြောင့် လူသိများခြင်းမျိုး မဟုတ်သော်လည်း ခြေထောက်လေးချောင်းဖြင့် ပြေးခြင်းထက် ပျံသန်းခြင်းမှာ ပိုမိုမြန်ဆန်နေဆဲဖြစ်၏။

"မဟူရာသခင် ခင်ဗျားအစွမ်းကုန်လုပ်နော် ဖမ်းမိရင် အုတ်ဂူမရှိဘဲ သေရလိမ့်မယ်"

မဟူရာဘုရင်သည် တောင်ပေါ်သို့ ပြေးတက်သွားသည်။ လမ်းမကြီး‌ပေါ်ကနေတောင် မပြေးဝံ့ပေ။ 

"ငါသိတယ် ငါသိတယ် ငါ့ကိုဖိအားမပေးနဲ့ မင်း... ငလူး*သား!"

သူတို့နှင့် မနီးမဝေးတွင် နဂါးနီတစ်ကောင်သည် လျင်မြန်စွာ ဖြတ်ကျော်သွားသည်။ သူတို့ အရမ်းထိတ်လန့်သွားတာကြောင့် သူတို့‌ ပြေးနေတဲ့လမ်းပေါ်မှာ ရပ်လိုက်ပြီး အသက်ရှုအောင့်ထားမိလိုက်ကြသည်။

နဂါးကြီး မိုးကုတ်စက်ဝိုင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသောအခါတွင်သာ သက်ပြင်းချနိုင်ကြသည်။

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now