Chapter 66

102 9 0
                                    

Unicode
အခန်း - ၆၆ (လေလည်ခြင်း)

ခွေးနက်ကြီး တစ်ခုခု မူမမှန်သလို ခံစားလိုက်ရသည်။

'မနေ့တုန်းကကျ တစ်ချိန်လုံး ကျိန်ဆဲနေပြီးတော့ ခုတော့ သဘောတွေ ဇွတ်ကောင်းပြနေပါလား'

သို့သော်လည်း လင်းချီတစ်ယောက် အားမသန်၍ မာန်လျော့လိုက်ခြင်းဖြစ်သည်ဟုသာ ယူဆလိုက်သည်။ 

ထိုအချိန်တွင် သူ့ကိုယ်သူ အထင်ဇွတ်ကြီးရန်လည်း မမေ့ခဲ့ချေ။ ကြည့်ရတာ ဒီဘုရင်က စွမ်းအားကြီးမားပြီး နှစ်လိုဖွယ်ကောင်းလွန်းလို့ လင်းချီတစ်ယောက် နာနာခံခံနဲ့ အရှုံးပေးလိုက်တာနေမှာ။ ဆက်ကြိုးစားထား ဒီဘုရင် မင်းကို အိမ်မွေးအဖြစ် စောင့်ရှောက်ပေးဖို့ စဉ်းစားပေးမှာပါ...

ခွေးနက်ကြီး ခေါင်းမော့ ရင်ကော့ကာ မှိုစွပ်ပြုတ်အိုးရှေ့သို့ လမ်းလျှောက်သွားလိုက်သည်။ လင်းချီကိုလည်း အထင်သေးစွာ ကြည့်လိုက်ပြီး တစ်ခဏလေးအတွင်း စွပ်ပြုတ်ကို အပြောင်ရှင်းလိုက်သည်။

လင်းချီ မျက်နှာထက်၌ ပြုံးပြနေသော်လည်း စိတ်ထဲ၌မူ အားရပါးရ ကြိမ်းဝါးနေသည်။

'တွေ့မယ်... မင်း ခုတော့ ဟန်ထုတ်ထားဦးပေါ့ကွာ..ခဏနေကျမှ မင်းကို ထိုင်‌ငိုအောင် လုပ်ပစ်မယ်'

စနစ်အရ ထို‌ ဆေး၏ အာနိသင်မှာ အစွမ်းပြရန် ၁၅ မိနစ်ခန့်လိုအပ်သည်။ 

......

လင်းချီ လှိုဏ်ဂူအပြင်ဘက်သို့ ထွက်သွားသည်။ မီးတောင် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲများမှာ ပြီးဆုံးသွားပြီဖြစ်၏။ ထို့ကြောင့် ခွေးနက်ကြီးကို ခေါ်ရန် အထဲသို့ ပြန်ဝင်သွားပြီး အမယ်များရှာဖွေရန် ထွက်လာခဲ့ကြသည်။ 

"ဒီတော့...အခြေနေ ဘယ်လိုရှိလဲ"

"မင်းရဲ့ ခွန်အားတိုးမြင့်ပေးတဲ့ ဟင်းပွဲက ဘယ်လိုအလုပ်လုပ်တာလဲ"

"ဒီလိုလုပ်.... ကျုပ်အရင်စမ်းသောက်ကြည့်မယ် ဘယ်လိုအလုပ်လုပ်လဲဆိုတာ အဲ့အခါကျ တစ်ချက်ကြည့်လိုက်ပေါ့" လင်းချီပြောပြီး‌နောက် စိမ့်မှိုစွပ်ပြုတ်ကို ထုတ်ပြီး တစ်ကြိုက်တည်း သောက်ချလိုက်တော့သည်။ 

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now