Chapter 70

97 7 0
                                    

Unicode
အခန်း - ၇၀ (မကျေနပ်မှု အသေးအမွှားလေးများ)

လင်းချီ၏ ယခင်ဘ၀တွင် နဂါးဆိုသည်မှာ ဒဏ္ဍာရီထဲတွင်သာ တည်ရှိပြီး လူတိုင်း ၎င်းကို သူတို့မျက်လုံးဖြင့် မြင်ချင်ခဲ့ကြသည်။

ထိုအချိန်ကတော့ လင်းချီလည်း သူသာ ဒီကမ္ဘာမှာ နဂါးတစ်ကယ်ရှိတယ်ဆိုတာ သက်သေပြနိုင်ပြီး နဂါးတွေကို သူ့မျက်လုံးနဲ့ တပ်အပ်မြင်နိုင်မယ်ဆို ဘယ်လောက်တောင် ကောင်းလိုက်မလဲလို့ တွေးခဲ့ဖူးသည်။

လူတို့၏ အကျင့်မှာ ထိုအတိုင်းပင်။ သူတို့မရနိုင်သည့်အရာကိုသာ တောင့်‌တနေတတ်ကြပြီး ရခဲ့လျှင်လည်း တစ်ခုခုလိုနေသလို ခံစားရပြန်သည်။

ဥပမာ ယခု တစ်ယောက်ယောက်မှနေ၍ လင်းချီအား "မင်းအခု နဂါးတစ်ကောင်ကို အရှင်လတ်လတ်တွေ့လိုက်ရပြီဆိုတော့ ရင်ထဲ ထိသွားလား" ဟု‌မေးလာပါက လင်းချီ "ငါလှုပ်ကို မလှုပ်ရဲတာ" ဟု ပြန်ဖြေမိလိမ့်မည်။

......

သူ၏ လက်ရှိ စိတ်အခြေအနေကို စာတစ်ကြောင်းတည်းနှင့် ဖော်ပြရမည် ဆိုပါက 'သောက်ရမ်းကြောက်‌လန့်နေသည်'ဟု ဖော်ပြရမည်။

သူယခု ထိုခွေးမိစ္ဆာကောင်ကို သတ်ပစ်ရန် မစောင့်နိုင်တော့ပေ။

"ခင်ဗျားကိုယ်ခင်ဗျား တကယ်‌ကြီး ရှေးဟောင်းနတ်ဘုရားသားရဲလို့များထင်နေတာလား...ပြေးတာမြန်ပြီး မီးမှုတ်တတ်တာကလွဲရင် ခင်များက ဘာမှ မတတ်တဲ့ အလကားကောင်ပဲ!" လင်းချီ ခွေးနက်ကြီးကို ဒေါသတကြီး ရန်တွေ့လိုက်သည်။

ခွေးနက်ကြီး မမြင်သလို ဟန်ဆောင်လိုက်လိုက်သည်။ သူ အပြင်ရောက်မှ ပြန်လည် တိုက်ခိုက်လို့ရသည်ပေပဲ။

ခွေးနက်ကြီး လင်းချီကို တိုးတိုးတိတ်တိတ် မိတ်ဆက်ပေးလိုက်သည်။ "မင်းရှေ့က အဲ့ဧရာမနဂါးကို ကြည့်လိုက်၊ သူ့အကြေးခွံက အနက်ရောင်ဆိုတော့ သူက နဂါးတွေထဲမှာ အားအနည်းဆုံးပဲ"

"အားအနည်းဆုံး....တော်လိုက်တော့ အဲ့တာ ကြယ်ခုနစ်ပွင့် သားရဲကွ...ဘာမှ အသုံးမကျတဲ့သောက်ခွေးရ"

"....ကြေးခွံအနက်နဲ့ နဂါးကို ကျောက်တုံးနဂါးလို့ခေါ်တယ်...သူ့မှာက တိုက်ခိုက်ရေးစွမ်းအားနည်းပြီး မြင့်မားတဲ့ ခုခံမှုစွမ်းရည်ရှိတယ်...သူ့ရဲ့ အကြေးခွံတွေက မာကျောလွန်းလို့ အချို့ကြယ်ရှစ်ပွင့်သားရဲတွေတောင် သူ့ကို အနိုင်မတိုက်နိုင်ဘူး..ဒါပေမယ့် တိုက်‌ခိုက်ရေးစွမ်းအားကတော့ မရှိသလောက်လို့ ပြောလို့ရတယ်..."

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now