Unicode
အခန်း (၅၂) အံ့ဖွယ်ကျောက်စိမ်းဖြူစွပ်ပြုတ်
ယွီမုန့်မှာ အပြစ်ရှိသလိုခံစားနေရပြီး ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ သူမသည် သူမ၏ မှော်တုတ်တံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကာ သူမ၏ လက်ချောင်းများမှာ အင်အားကြောင့် ဖြူဖျော့သွားသည် ။
ငယ်ငယ်ကတည်းက ဘယ်သူ့ကိုမှ မတောင်းပန်ဖူးတာကြောင့် ဘယ်လို လုပ်ရမှန်း မသိပေ။
သူမ ခေါင်းငုံ့ထားတာကိုမြင်တော့ လင်းချီက "ဟေး လာကူညီအုံးလေ ငါမင်းသတ်တာ ခံရတော့မလို့"
သူ့စကားကြားတော့မှ ယွီမုန့်ခင်မျာ တုံ့ပြန်လာနိုင်သည် ။ သူမ လင်းချီ၏ နံဘေးသို့ အမြန်သွားပြီး သူ့ကို ကူညီလိုက်သည်။ ထလို့ရအောင် ကူညီပေးရင်း အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။ "သတိထား ဖြည်းဖြည်း"
ထို့နောက် သူမ လင်းချီ၏ရင်ဘတ်ကို မှော်တုတ်တံဖြင့် ညင်သာစွာ ထိလိုက်သည်။ အပြာရောင်ရေခဲများ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပြီးနောက် လင်းချီခံစားနေရသော အအေးဓာတ်များ ချက်ချင်းလျော့နည်းသွားသော်လည်း သူ့ရင်ဘတ်ရှိ ဒဏ်ရာမှာ အလွန်နာကျင်နေဆဲဖြစ်၏။
"လင်းချီ ငါ...တောင်းပန်ပါတယ်" လူသာနှင့်လူးဝစ်တို့အား သွားရှာသည့် လမ်းတွင် ယွီမုန့်က လင်းချီကို တိုးတိုးလေးတောင်းပန်လိုက်သည်။
ဤသို့ သူဒဏ်ရာရသည့် အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းမှာ သူကိုယ်တိုင်ပေါ့လျော့မှုဖြစ်သောကြောင့် လင်းချီမှာ ယွီမုန့်ကို အပြစ်မတင်ပေ။
"သခင်လေး ဘယ်လိုလုပ် ဒဏ်ရာ ရလာတာလဲ။ မိစ္ဆာသားရဲတွေလုပ်တာလား?" ယွီမုန့်မှ လင်းချီ လမ်းလျှောက်တာကို တွဲကူပေးလာတာ မြင်တော့ လူသာက မြေပြင်ပေါ်တွင် ထိုင်နေလျက်မှ ချက်ချင်းမတ်တပ်ထရပ်ကာ စိုးရိမ်တကြီးမေးလာသည်။
လူးဝစ်သည် နိုးနိုးကြားကြား မတ်တပ်ထရပ်ကာ သူ၏ ဓားရှည်ကို ဆွဲထုတ်ပြီး သူ၏ လေးနက်သော အမူအရာကို ပြသလာသည်။ လင်းချီ သူ့မျက်လုံးထောင့်ကနေ လှမ်းကြည့်လိုက်တော့ လူးဝစ်မှာ အခုမှ တကယ့်ဓားသမားတစ်ယောက်နဲ့တူသွားတယ်လို့ ထင်မိပြီး သူ့နှုတ်ခမ်းထက် အပြုံးတစ်ခုဖြစ်တည်လာသည်။
YOU ARE READING
မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်
FantasyAuthor: The Might Of Leaving Blank Genre: Eastern, Fantasy Status: 95 [Completed]