Chapter 81

92 8 0
                                    

Unicode
အပိုင်း - ၈၁ (အိမ်မှ ထွက်ပြေးခြင်း)

"ကံကောင်းပါစေ" လင်းချီကို သူတော်စင်မိန်းမပျိုက လက်ဝေ့ပြလိုက်သည်။

လင်းချီဟာလည်း သူတော်စင်မိန်းမပျိုကို နှုတ်ဆက်လိုက်ပြီး တံခါးကို ပိတ်လိုက်ကာ အိပ်ရာပေါ် လှဲလိုက်သည်။

'ဒီနေ့က လူမျိုးစုအတွက် ကောင်းမွန်တဲ့နေ့ပဲကို ယွီမုန့်က ဘာလို့ ဒေါသထွက်သွားတာလဲ? သူက ငါ့ကို ကြိုက်နေတာလား ငါ့သူ့ကို သွားရှာရမလား?'

'ဘာလို့ သူတော်စင်မိန်းမပျိုက ငါ့ကို လာနမ်းရတာလဲ? သူရော ငါ့ကို ကြိုက်နေတာလား တကယ်လို့ သူတော်စင်မိန်းမပျိုက ငါ့ကို ဝန်ခံရင်ရော လက်ခံလိုက်ရမလား? ငါ့ရော တကယ်လက်ခံချင်ရဲ့လား?'

'ဟူး….ငါ ဒီလောက် လူကြိုက်များလိမ့်မယ်လို့ မထင်ထားမိဘူး'

သူ၏ အတွေးတို့ ခုန်ပေါက်ပြေးလွှားနေတုန်းမှာပင် ဖြည်းဖြည်းချင်း အိပ်ပျော်သွားခဲ့သည်။

..

နောက်တစ်နေ့ မနက်စောစော၌ လင်းချီထကာ မျက်နှာသစ်ဆေးကြောပြီး အဝတ်လဲလိုက်သည်။

သူ ယွီမုန့် ကြိုက်လောက်မည့် အရသာရှိသော မနက်စာကို လုပ်သွားပြီး သူတော်စင်မိန်းမပျို ပြောထားတဲ့အတိုင်း တောင်အရပ်က ဘယ်ဘက်ရဲ့ ပထမဆုံးအိမ်ဆီကို ထွက်လာခဲ့သည်။

ဒေါက်! ဒေါက်! ဒေါက်!

လင်းချီဟာ တံခါးခေါက်လိုက်ပြီး "ယွီမုန့် မင်းနိုးပြီလား?"

ဘာသံမှ မကြားရချေ။

"ကိုယ် မင်းအတွက် မင်းကြိုက်တဲ့ စားစရာတွေ ချက်ပြုတ်လာတယ် နွေးနေတုန်းရှိသေးတယ် ထပြီး လာစားပါလား"

ဒီတစ်ခါလည်း ပြန်ဖြေသံကို မကြားခဲ့ပေ။

သူ တံခါးကို နောက်တစ်ကြိမ် ထပ်ခေါက်လိုက်သည်။

"ယွီမုန့် မင်း စိတ်ဆိုးနေတုန်းလား? အဲ့တုန်းက အော့ခ်တွေ မက်မွန်ပွင့်ကျွန်းကို ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးနေရုံပဲလို့ ပြောရင် မင်း ယုံမလား?"

လင်းချီဟာ ယွီမုန့်ရဲ့ တံခါးရှေ့မှာ အချိန်အကြာကြီးရပ်ပြီး စကားတွေ တစ်စီစီပြောပြနေပေမဲ့ ဘာစကားမှ ပြန်ပြောလာတာကိုမှ မကြားရပေ။

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now