Chapter 63

126 12 0
                                    

Unicode

အခန်း - ၆၃ (ရုတ်တရက် ပြောင်းလဲမှုများ)

လင်းချီ သူ၏ခေါင်းကို လက်နှစ်ဖက်ဖြင့်ကာပြီး ကျောက်တုံးများကိုရှောင်ရန် ကိုယ်ကို ကွေးညွှတ်ထားသော်လည်း ကျောက်တုံးများကျသည့်နေရာမှာ ထူထပ်လွန်းသောကြောင့် သူ့ကို ဘယ်နှကြိမ်ထိမှန်မှန်းတောင် မရတွက်နိုင်တော့တော့ပေ။

ပို၍ဆိုးသည်မှာ အချို့ကျောက်တုံးများမှာ အေးခဲပြီး အချို့မှာမူ ပူခြစ်တောက်နေဟန်ရသည်။ ယခုတောင် လင်းချီ၏ ကျောကုန်းကို အေးခဲကျောက်တုံးတစ်တုံး ထိမှန်ထားသောကြောင့် သူ့ကျောတစ်ခုလုံး အေးခဲမာတောင့်နေတော့သည်။

သူ အံကြိတ်လိုက်ပြီး သစ်ပင်များက သူ့ကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရင်း တောအုပ်ထဲသို့ ပြေး၀င်သွားသည်။

"အားလုံးပဲ...တောအုပ်ထဲကို ပြေးကြ.." လင်းချီက လူတိုင်းကို သတိပေးရန်လည်း မမေ့ခဲ့ပေ။

လင်းချီက လူတိုင်း စိတ်ထွေပြားကာ ကျောက်တုံးမှန်ပြီး သေစေလိုခြင်းမရှိပေ။ ထိုသို့ လုပ်ခဲ့ပါက သူ အပြစ်သားတစ်ယောက် ဖြစ်သွားလိမ့်မည်။ သူ့မူလကမ္ဘာတွင် အသက်တစ်သက် ကယ်တင်ခြင်းကား ကမ္ဘာကြီးလောက် ချမ်းသာသည်ထက် တန်ဖိုးပိုရှိသည်ဟု ဆိုရိုးရှိသည်။ ထို့ကြောင့် သူတတ်နိုင်သလောက် ကယ်တင်နေခြင်းဖြစ်၏။

ပထမတော့ သူ့ဘေးနားတွင် ပြေးလွှားနေသော ခြေသံများကို ကြားနေသေးသည်။ သို့သော်လည်း နောက်ပိုင်းတွင် ကျောက်တုံးများ သစ်ပင်နှင့် မြေပြင်ကို ရိုက်ခတ်သံများသာ ကြားရတော့သည်။

ထိုကဲ့သို့ အချိန်မည်မျှကြာမှန်မသိ ပြေးနေရင်း လင်းချီမှာ လှိုဏ်ဂူတစ်ခုကို ရှာတွေ့သွားပြီး အမြန် ပြေး၀င်လိုက်သည်။

သူလိုဏ်ဂူထဲ ပြေး၀င်သွားပြီးနောက် ယိုင်လဲကာ မြေပြင်ပေါ် ဖင်ထိုင်လျက်ကျသွားသည်။

သို့သော်လည်း လင်းချီ ကံကောင်းသည်ဟု ဆိုနိုင်သည်။ သူ့ကို ကျောက်တုံးများစွာ ထိမှန်ခဲ့သော်လည်း ၎င်းတို့ထဲမှ တစ်လုံးသာလျှင် ထူးခြားသော အပူချိန်ရှိသည့် ကျောက်တုံးဖြစ်ခဲ့သည်။

မှော်ကုန်းမြေမှအစားအစာထောက်ပံ့သူစနစ်Where stories live. Discover now