◾8◾

4.9K 516 42
                                    

(Unicode)

ဂျောင်ဂု ကုမ္ပဏီ‌တွင် အစည်းအဝေးခေါ်ပြီး နောက်တစ်နေ့တွင်တော့ အတန်းပြန်တက်ရလေ၏။ အတန်းပျက်တာတွေများနေတဲ့အတွက် roll call မပြည့်ရင် ဘွဲ့အတွက် အနှောင့်အယှက်ရှိနိုင်သည်။

"မင်းလောက်ရူးတဲ့ CEO မတွေ့ဖူးသေးဘူး ဟားဟား"

"တိတ်တိတ်နေပေးပါလား၊ အာရုံစိုက်လို့မရလို့"

ဂျောင်ဂုက ဆော့မင်ဘက်ကို မကြည့်ဘဲ လေသံခပ်မာမာနဲ့ပြောလိုက်ပြီး လက်ထဲက ဇာတ်ညွှန်းကို ဆက်ဖတ်နေလိုက်သည်။

တစ်ကယ်တော့ ညကတည်းက ဖတ်ပြီးပြီဆိုပေမယ့် အခုစာသင်ခန်းထဲတွင် ထပ်ဖတ်နေရခြင်းက skinship တွေ လျှော့လို့ရနိုင်မလားဟူသော အတွေးဖြင့် ပြန်စစ်နေခြင်းပင်။

"အဲ့လောက် သဝန်တိုနေရင်လည်း ဘာလို့ထယ်ယောင်းကို actor ဖြစ်အောင် လုပ်ပေးနေသေးလဲ"

"ဘယ်သူက သဝန်တိုနေလို့လဲ၊ ၁၉နှစ်ကလေးတစ်ယောက်အနေနဲ့ မဖြစ်သင့်တာ မဖြစ်အောင် လုပ်နေတာ"

"အဓိကမင်းသားဆိုမှတော့ မင်းကလည်း.."

"အဲ့ဒါပြောတာ၊ ငါလည်း ဘာလုပ်မိမှန်းမသိဘူး"

"အရံနေရာပြောင်းပေးလိုက်ပေါ့"

"မဖြစ်ဘူး၊ ထယ်ယောင်းက main character ပဲဖြစ်သင့်တာ"

တစ်ခွန်းမကျန်ပြန်ပြောနေတဲ့ ဂျောင်ဂုအား ဆော့မင်လည်း ဘာမှမပြောလိုတော့။ ခေါင်းတခါခါနဲ့သာ တစ်ဖက်သို့ လှည့်သွားလေတော့သည်။

ထိုအချိန်မှာပဲ အတန်းထဲ ဆရာဝင်လာသဖြင့် ဂျောင်ဂုလည်း ဇာတ်ညွှန်းစာအုပ်အား ကျောပိုးအိတ်ထဲ ပြန်ထည့်ကာ စာသင်တာကို အာရုံစိုက်ရတော့သည်။ ဘွဲ့ရဖို့ သိပ်မလိုတော့တာမို့ ဘွဲ့ရပြီးရင်တော့ ထယ်ယောင်းအတွက် တစ်ရာ ရာခိုင်နှုန်း အာရုံစိုက်နိုင်တော့မည်။

စာသင်နေစဉ်အတွင်းမှာပဲ ဂျောင်ဂု၏ silent လုပ်ထားသော ဖုန်းလေးမှ screen လေး လင်းလာသဖြင့် ဂျောင်ဂုမှာ ကျောက်သင်ပုန်းမှတဆင့် ဖုန်းဆီ အကြည့်ရောက်လေ၏။

ဖုန်းတွင် ပေါ်နေသည်က ထယ်ယောင်းဟူသော နာမည်လေးနဲ့ မက်ဆေ့တစ်ခု။ ဂျောင်ဂု မယုံနိုင်စွာနဲ့ မျက်လုံးပြူးခနဲဖြစ်သွားပြီး ဆရာ မမြင်အောင် ဖုန်းကို အောက်တွင်ဝှက်ကာ ထယ်ယောင်းမက်ဆေ့ကို ဖွင့်ကြည့်လိုက်သည်။

You Fill My Heart [Completed]Where stories live. Discover now