◾28◾

3.6K 402 38
                                    

(Unicode)

ဂျောင်ဂု မနက်မိုးမလင်းခင်ပင် ထယ်ယောင်းအိမ်မှထွက်ကာ ယူနာကိစ္စကို ဖြေရှင်းဖို့ လုပ်ရပြန်သည်။ လောလောဆယ် internet ပေါ်မှာတော့ ဒီကိစ္စဟာ ပွက်လောရိုက်နေပြီး အားလုံးက ယူနာငိုယိုပြောသည်ကိုသာ ယုံကြသည့်ဟန်၊ ဂျောင်ဂုကသာ ဗီလိန်ဖြစ်နေလေ၏။

အခုချိန် လမ်းမပေါ်သာထွက်ရပ်ရင် အားလုံးဝိုင်းရိုက်တာပင် ခံရနိုင်လိမ့်မည်။ ဒီပုံစံနဲ့ ကုမ္ပဏီတန်းသွားလို့လည်း မဖြစ်တာမို့ ဂျောင်ဂုလည်း အိမ်ကိုသာ အရင်ဆုံးပြန်လာခဲ့လိုက်၏။

အိမ်ထဲဝင်လိုက်သည်နှင့် အဖေဖြစ်သူဟာ ထုံးစံအတိုင်း အစောကြီးနိုးနေပြီး ဂျောင်ဂုရောက်လာမှာကို ကြိုသိနေသည့်ဟန် ပြုံးစစနဲ့ကြည့်နေလေသည်။

"အဖေ သိပြီးပြီမလား"

"အင်း"

"ဒီကိစ္စကို အခုချက်ချင်းဖြေရှင်းဖို့လိုတယ်၊ Legend Entertainment official ကနေ စာထုတ်ပေးပါ၊ ယူနာ့ကိုယ်ဝန်က ကျွန်တော်နဲ့ မဆိုင်တဲ့အကြောင်း"

"ဘာလို့လဲ.. ငါကဘာလို့ အဲ့လိုလုပ်ပေးရမှာလဲ"

ဂျောင်ဂုက ပြာယာခတ်နေသလောက် အဖေဖြစ်သူကတော့ အေးအေးလူလူပင် လက်ထဲမှ ကော်ဖီခွက်ကို အရသာခံကာ သောက်နေလေသည်။ အဖေ့အပြုအမူတွေကြောင့် ဂျောင်ဂု မျက်ခုံးနှစ်ဖက်ဟာ အတွင်းသို့ တဖြည်းဖြည်းစုကျုံ့လာပြီး မသင်္ကာစရာ တစ်စုံတစ်ခုကို ရှုရှိုက်မိလာ၏။ မနေ့ညကလည်း ဒီသတင်းကို မကြည့်ကြည့်အောင် စကားစခဲ့သူက အဖေလေ။

"အဖေ ကြိုသိနေတာလား၊ ယူနာက ဒီလိုပြော‌မယ်ဆိုတာ"

ဂျောင်ဂုအမေးကို မဖြေဘဲ ကော်ဖီကိုသာ ဆက်သောက်နေသော အဖေဖြစ်သူ။

"ကျွန်တော် မေးတာဖြေ! ယူနာကိုယ်ဝန်က ကျွန်တော်နဲ့ရတာဆိုပြီး ပြောဖို့ အဖေစီစဉ်ထားတာလား"

"အင်း ဒါမင်းအပြစ်ပဲလေ၊ မင်း‌ကြောင့် ငါ ယူနာရယ် သူ့အဖေရယ်နဲ့ကို ဘယ်လောက်တောင် မျက်နှာပူခဲ့ရလဲ၊ သူ့အဖေကလည်း ကုမ္ပဏီမှာ ရှယ်ယာတောင် ပြန်ထုတ်သွားခဲ့တာ၊ ငါ့အတွက် အများကြီးနစ်နာခဲ့တာ၊ မင်းအဲ့ဒါတွေ ဘာသိလဲ၊ ဘာမှ အသုံးမဝင်တဲ့ ဟို Vlogger ကောင်ကို မင်းသားခေါ်လုပ်ပြီး ရည်းစားလိုတွဲနေတဲ့ မင်းအပြစ်တွေချည်းပဲ ဂျွန်ဂျောင်ဂု၊ အခုဘယ်လိုလဲ... အပြစ်ခံရတော့ ပြုံးနေနိုင်ရဲ့လား"

You Fill My Heart [Completed]Tempat cerita menjadi hidup. Temukan sekarang