◾30◾

4.3K 414 55
                                    

(Unicode)

သတင်းထောက်တွေကြားထဲ ဂျောင်ဂုနဲ့ ထယ်ယောင်းပွေ့ဖက်ခဲ့သော သတင်းမှာ ယခုလက်ရှိ နံပါတ်တစ် သတင်းဖြစ်လို့နေသည်။

ထိုနေရာတွင် မီဒီယာမျိုးစုံရှိနေခဲ့သည်မို့ နှစ်ဦးပွေ့ဖက်ကြသည့်ပုံများက ရှုထောင့်မျိုးစုံကနေ ထွက်မကုန်နိုင်ဖြစ်နေလေ၏။ ဓာတ်ပုံများတင်မက ဗွီဒီယိုတွေကလည်း ရှုထောင့်ပေါင်းစုံကနေ အသစ်အသစ် ဆက်တိုက်တက်နေဆဲ။

ဂျောင်ဂုနဲ့ ထယ်‌ယောင်းမှာတော့ လက်ရှိ နားနေခန်းတွင်ဖြစ်ပြီး အခန်းထဲတွင်လည်း သူတို့နှစ်‌ယောက်အပြင် ဆော့မင်ပါ ရှိနေသည်။

ထယ်ယောင်းမှာ အမြဲတမ်းလိုလို နှစ်ယောက်တွဲနေတာကို ချပြချင်ပါသည်ဟု ဆိုလာခဲ့သော်လည်း အခုတော့ အလွန်လန့်နေဟန် နှလုံးခုန်သံတွေမြည်ဟီးနေသည်မှာ ဘေးတွင် ထိုင်နေသော ဂျောင်ဂုပင် ကြားရသည်အထိ။

ဂျောင်ဂုလည်း ထယ်ယောင်းစိတ်အေးစေရန် ထယ်ယောင်းလက်ဖမိုးလေးပေါ် အသာလေးအုပ်ကိုင်လိုက်လေတော့ ထယ်ယောင်းဟာ အမြန်မော့ကြည့်လာပြီး ခပ်ရေးရေးလေးပြန်ပြုံးပြလာ၏။

"အကုန်အဆင်ပြေသွားမှာပါ၊ ကိုယ်ကတိပေးတယ်၊ အချစ်ကို ဘယ်သူမှ ဘာမှ မကောင်းမပြောစေရဘူး"

ဂျောင်ဂုစကားအား ထယ်ယောင်းက ဘာမှပြန်မဖြေဘဲ အပြုံးလေးနဲ့သာ ခေါင်းငြိမ့်ပြလာသည်။ ဂျောင်ဂုသည်လည်း ထယ်ယောင်းကို အသာလေးပြန်ပြုံးပြရင်း အုပ်ကိုင်ထားသော လက်လေးကို ဆုပ်ကိုင်ကာ နှုတ်ခမ်းနားတေ့၍ နူးနူးညံ့ညံ့နမ်းလာလေ၏။

"ကိုယ်တောင်းပန်ပါတယ်၊ မင်းဆီ ဒီထက်ပိုပြီး မြန်မြန်ရောက်လာခဲ့ရမှာ"

"ကိုကို အခုရောက်လာပြီပဲလေ၊ ကျွန်တော် အခု အရမ်းပျော်နေတာသိလား၊ ကိုကိုနဲ့လည်း အတူရှိနေပြီး ကျွန်တော်တို့ဆက်ဆံရေးကိုလည်း ထပ်ပြီး ဖုံးကွယ်နေစရာမလိုတော့ဘူးမို့လို့"

"မင်းဟာလေ တကယ်ပဲ၊ မတွေ့ရတဲ့အတွင်းမှာ ပိုပြီးချစ်ဖို့ကောင်းလာတာပဲ ကင်ထယ်ယောင်း"

"ချစ်ဖို့ကောင်းတာတွေ မကောင်းတာတွေ ခဏထား၊ ငါတစ်ယောက်လုံးရှိသေးတယ် ဟိတ်ကောင်တွေရ"

You Fill My Heart [Completed]Onde histórias criam vida. Descubra agora