◾32◾

3.9K 371 19
                                    

(Unicode)

ထယ်ယောင်းနေထိုင်ရာ ကွန်ဒိုရှေ့ ဂျောင်ဂု၏ ကားလေး ထိုးစိုက်လာလေပြီ။ အချိန်အားဖြင့် ညမှောင်ရီပျိုးချိန်ဖြစ်နေပြီမို့ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေကာ နှစ်ယောက်ကြား သာမန်ထက် ရင်ခုန်စရာကောင်းနေသယောင်။

ထယ်ယောင်းမှာ ဂျောင်ဂုဘက်ကို တစ်ချက်သာကြည့်ပြီး အကြည့်တွေ ပြန်လွှဲကာ ခါးပတ်ကို ဖြုတ်လိုက်၏။

"လိုက်ပို့ပေးလို့ ကျေးဇူးပဲ ကိုကို၊ အိမ်ပြန်ရောက်ရင် ကျွန်တော့်ကို မက်ဆေ့ပို့နော်၊ ကားကို ဂရုစိုက်ပြီး မောင်းဦး"

‌ထယ်ယောင်းက မြန်မြန်ပြောပြီးသည်နှင့် ဂျောင်ဂုကို ထပ်မကြည့်တော့ဘဲ ကားတံခါးဖွင့်လိုက်ရာ တံခါးက ဖွင့်မရဘဲ lock ကျနေလေသည်။ အလန့်တကြား ဂျောင်ဂုဘက်ကို ပြန်လှည့်ကြည့်လိုက်မိတော့ ပြုံးစစမျက်နှာပေးနဲ့ မိမိကို ငေးကြည့်နေသူအား ကြက်သီးထဖွယ်တွေ့လိုက်ရသည်။

"ကိုကို"

"ဒီတိုင်း ကျေးဇူးတင်စကားလောက်နဲ့ ကျေနပ်လိုက်ဖို့က နှမြောစရာကောင်းတယ်လေ"

"ဒါဆို အိမ်ထဲ လိုက်ခဲ့မလားဟင်"

ထယ်ယောင်းစကားအဆုံး ဂျောင်ဂုမျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားမိ၏။ နဂိုက အနမ်းလေး တောင်းရုံတောင်းမလို့ဆိုပေမယ့် ဒီအချိန်ကြီး အိမ်ထဲခေါ်တယ်ဆိုမှတော့ တစ်စုံတစ်ခုကလွဲပြီး တခြား ဘာဖြစ်နိုင်သေးလဲ။

"ဒါဆို.. လိုက်..လိုက်ခဲ့ရမလား၊ အချစ်က ပင်ပန်းနေပြီမဟုတ်လား"

"ကိုကို့အတွက်ဆို ပင်ပန်းတာမျိုး မရှိပါဘူး"

ပြုံးပြုံးလေးနဲ့ပြောလာသော ထယ်ယောင်းစကားကြောင့် ဂျောင်ဂုနှုတ်ခမ်းထောင့်လေး ကော့ညွတ်သွားပြီး တံတွေးတစ်ချက် မသိမသာမြိုချမိသည်။

ဒီကောင်လေး အခုတော့ အပြောကြီးနေတာ၊ ခဏနေမှ အသက်ရှူမဝတော့တဲ့အထိ လုပ်ပစ်ဦးမယ်။

"သွားမယ်လေ ကိုကို"

"ဪ.. အင်း"

သို့နှင့် ဂျောင်ဂုနဲ့ထယ်ယောင်းလည်း ကားပေါ်က ဆင်းကာ ကွန်ဒိုထဲရှိ ဓာတ်လှေကားထဲ တိတ်ဆိတ်စွာ ဝင်ကြ၏။ ဓာတ်‌လှေကားထဲ နှစ်ယောက်တည်းရှိနေတာကြောင့်ရော ခဏအကြာတွင် ဖြစ်ပျက်တော့မည့်အဖြစ်အပျက်များကိုပါ ကြိုတွေးပြီး ဂျောင်ဂု ရင်ခုန်နှုန်းတွေ မူမမှန်ချင်တော့။

You Fill My Heart [Completed]Tempat cerita menjadi hidup. Temukan sekarang