◾27◾

4.4K 434 33
                                    

(Unicode)

"ကိုယ်က စတာကို"

"ဘာမှမပြောနဲ့"

အိပ်ရာပေါ်မှာ ငြိမ်ကုတ်ကုတ်လေး ထိုင်နေ‌သော ဂျောင်ဂုနှင့် မတ်တတ်ရပ် လက်ပိုက်ကာ ကြည့်နေသော ထယ်ယောင်း။

"ကိုကို ဒီလောက် လူတွေဆီက အပြောခံနေရတာကို ဘာလုပ်ချင်နေသေးတာလဲ၊ အဲ့ဒါလုပ်ဖို့ စိတ်ကူးရှိသေးတာလား"

"မရဘူးလားဟင်"

"မရဘူး၊ အခု ပြဿနာတွေ မပြီးသေးမချင်း မရဘူး"

"အဲ့ကိုယ်ဝန်က ကိုယ်နဲ့ မဟုတ်မှန်း အချစ်သိတာပဲမဟုတ်လား၊ ပြီးတော့ ဒီကိစ္စက ခဏနေရင် သူတို့ဘက်က ဖြေရှင်းချက်ထုတ်မှာပဲလေ၊ ဒါကြောင့် အဲ့ကိစ္စကြီးကို စိတ်ထဲမထားဘဲ ကိုယ်တို့နှစ်ယောက်.. "

"မသိဘူး.. ကျွန်တော် လောလောဆယ် အဲ့ကိစ္စကြောင့် စိတ်ကြည်နေတာမဟုတ်ဘူး၊ အခုထိ ကိုကို့ကို ပြောထားတဲ့သူတွေကို စိတ်ထဲ တွေးနေမိတုန်းပဲ"

မိမိကို မကောင်းပြောသူတွေကို အမှန်တကယ် စိတ်တိုနေတဲ့ ထယ်ယောင်းကြောင့် ဂျောင်ဂု အသဲယားစွာ ပြုံးလိုက်မိပြီး ထယ်ယောင်းခါးလေးမှ ဆွဲယူကာ ပေါင်ပေါ်တွင် ထိုင်စေသည်။ ထယ်ယောင်းဟာလည်း တောင့်ခံထားခြင်းမရှိ စွေ့ခနဲပါလာပြီး ဂျောင်ဂုလည်ပင်းကို လက်လေးနှစ်ဖက်ဖြင့် အလိုအလျောက် ချိတ်လာလေ၏။

"ကိုယ်ကတောင် ဘာမှမဖြစ်တာကို အချစ်ကလည်း ဘာမှမဖြစ်နဲ့တော့ ဟုတ်ပြီလား၊ ဒီညတော့ အဲ့ကိစ္စကို မေ့ထားပြီး ကိုယ့်ကိုပဲ ‌ကြည့်ပေးလေကွာ"

"မကြည့်ချင်ပါဘူး"

"မကြည့်ရင် အသက်ရှူကြပ်တဲ့အထိ နမ်းပစ်မှာနော်"

"ကြည့် ကိုကိုဘယ်လိုဖြစ်နေလဲ"

ဒေါက် ဒေါက် ဒေါက်

တံခါးခေါက်သံ။

ဂျောင်ဂုရော ထယ်ယောင်းရော ပြိုင်တူ တံခါးပေါက်ဘက်ကို အကြည့်ရောက်မိကြသည်။ ညအချိန်မတော်ကြီးဖြစ်နေပြီကို ဘယ်သူရောက်လာနိုင်မှာလဲ။

တွေးနေတုန်းမှာပဲ အဆက်မပြတ်ထွက်လာသော တံခါးခေါက်သံ။ ထယ်ယောင်း မသိစိတ်က လန့်လာပြီး ဂျောင်ဂုကို ပို၍ တင်းကြပ်စွာ ဖက်လိုက်မိသည်။

You Fill My Heart [Completed]Where stories live. Discover now