◾33◾

3.7K 381 14
                                    

(Unicode)

ရိုက်ကူးရေး ပြီးဆုံးသွားပြီမို့ ထယ်ယောင်းလည်း နားနေခန်းသို့ ဝင်လာခဲ့လိုက်သည်။ သို့သော် အခန်းထဲတွင် ဘယ်သူမှ မရှိ။ ဂျောင်ဂုတင်မက ကုမ္ပဏီမှ stuff တွေပါ ရှိမနေတာကြောင့် ထယ်ယောင်း အနည်းငယ်တော့ ကြောင်တောင်တောင်ဖြစ်သွားသည်။

ရိုက်ကူးရေး လုပ်နေစဉ်တစ်လျှောက်လုံး ကင်မရာတွေနောက်မှာ ဂျောင်ဂုက ပြုံးပြုံးကြီးနဲ့ တချိန်လုံးရပ်ကြည့်နေခဲ့သမျှ အခုတော့ အစအနပင် မတွေ့။

ယနေ့ မန်နေဂျာတာဝန်ယူထားမည်မို့ တစ်ခုခုလုပ်နေမှာပါဟုသာ တွေးကာ ထယ်ယောင်းလည်း အဝတ်အစားများ အေးဆေးလဲနေတော့သည်။

အဝတ်အစားလဲပြီး ပစ္စည်းများ ထည့်သိမ်းပြီးတာတောင် ဂျောင်ဂုရောက်မလာသဖြင့် ထယ်ယောင်း မနေနိုင်တော့ဘဲ ဂျောင်ဂုကို ဖုန်းခေါ်လိုက်ရ၏။

ဘယ်လောက်မှ မကြာလိုက် တစ်ဖက်မှ ဖုန်းတန်းကိုင်ပြီး ဂျောင်ဂုအသံကို ကြားလိုက်ရသဖြင့် ထယ်ယောင်းအနည်းငယ်စိတ်အေးသွားရသည်။

"ကိုကို.. ဘယ်ရောက်နေတာလဲ"

"ကိုယ် အရေးကြီးကိစ္စပေါ်လာလို့ ပြန်နှင့်ပြီနော်၊ တစ်ယောက်တည်းဖြစ်တယ်မလား"

ဖုန်းထဲမှ ဂျောင်ဂုစကားကြောင့် ထယ်ယောင်း အနည်းငယ်ဝမ်းနည်းသွားမိသည်။ မိမိထက် အရေးကြီးတဲ့ကိစ္စ ဂျောင်ဂုမှာ ရှိသေးတာလားဟူသော အတွေးနဲ့အတူ စိတ်ထဲတော့ နေလို့သိပ်မကောင်းတော့။

ရိုက်ကူးရေးကြောင့် ပင်ပန်းခဲ့ရပြီးနောက် ‌ဂျောင်ဂုကို အနားမှာရှိနေစေချင်တာ‌ကြောင့်လည်းပါသည်။ သို့ပေမဲ့ နားလည်ပေးရမည်မို့ ဘာမှမဖြစ်သည့်လေသံနဲ့သာ။

"ကျွန်တော် အဆင်ပြေပါတယ်၊ ဒါပေမဲ့ သွားမှာကို ကြိုပြောသင့်တယ်မဟုတ်လား"

"တောင်းပန်ပါတယ်၊ ကိုယ်မေ့သွားလို့"

မေ့သွားတယ်?

ထယ်ယောင်းဘာမှထပ်မပြောချင်တော့။ ဝမ်းနည်းစိတ်များ ကြီးစိုးလာတာကလွဲရင် ဘာမှလည်း မတွေးနိုင်တော့။ ကလေးဆန်တယ်ပဲဆိုဆို ဂျောင်ဂုနဲ့ပက်သက်ရင် ဒီလောက်ထိ သဘောထားမကြီးနိုင်သေး။

You Fill My Heart [Completed]Donde viven las historias. Descúbrelo ahora