(Unicode)
မနက် ၁၀ နာရီ။
ဇာတ်ကားအတွက် အစည်းအဝေးခေါ်ထားပြီးသားမို့ အစည်းအဝေးခန်းထဲ ဂျောင်ဂုဝင်လိုက်သည်နှင့် လူစုံနေပြီဖြစ်ပြီး အားလုံးက မတ်တတ်ထရပ်ကြ၏။စားပွဲထိပ်ဆုံးကိုသွားနေတုန်း ညာဘက်ခြမ်းသုံးခုံမြောက်တွင် ခေါင်းလေးငုံ့ကာ ရပ်နေသော ထယ်ယောင်းထံသို့ ဂျောင်ဂု အကြည့်အရင်ရောက်သွားမိသည်။
ပြီးမှ လက်ရှိအခြေအနေကြောင့် အကြည့်ကို ပြန်လွှဲလိုက်ကာ အားလုံးကို တောက်ပသော အပြုံးလေးနဲ့ ဦးစွာ နှုတ်ဆက်ပြီး ခုံတွင် ပြန်ထိုင်စေသည်။
"တစ်ယောက်ချင်းစီနဲ့ ကျွန်တော် ပြောထားပြီးသားမို့ အထူးတလည်တော့ ဆွေးနွေးစရာမရှိပေမယ့် အဆင်မပြေတဲ့နေရာများရှိရင် ပြောလို့ရပါတယ်"
ဂျောင်ဂုစကားဆုံးသည်နှင့် အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ မင်ဂျီအယ်က လက်လေးအသာထောင်ပြလာလေသည်။ ထိုအခါ ဂျောင်ဂုကလည်း အသာပြုံးကာ ခေါင်းငြိမ့်ပြရင်း
"ဟုတ်ကဲ့ ပြောပါ"
"ဒီတိုင်း မေးကြည့်ချင်တာပါ၊ ဇာတ်ညွှန်းထဲမှာ ဘာလို့ kiss scene တွေဖြုတ်ထားတာလဲ သိလို့ရမလား"
ဂျီအယ်အမေးကြောင့် ဂျောင်ဂု တံတွေးတစ်ချက်မသိမသာမြိုချလိုက်မိပြီး ထယ်ယောင်းအား လှမ်းကြည့်မိသည်။ ဂျောင်ဂုကြည့်လိုက်သည်နှင့် ထယ်ယောင်းက မျက်လုံးချင်းမဆုံရဲသည့်ဟန် ချက်ချင်းခေါင်းလေးငုံ့သွား၏။ အဲ့တော့မှ ဂျောင်ဂုလည်း ဂျီအယ်ဘက်ပြန်လှည့်ကာ
"မင်းသားက kiss scene အတွက် အသက်အရမ်းငယ်နေလို့ပါ၊ ဒါပေမဲ့ အဲ့အစား romantic ဖြစ်အောင် ဒီက ဒါရိုက်တာကြီးက သေချာတာဝန်ယူမှာမို့ မူရင်းဝတ္ထုဇာတ်ကြောင်း ပေါ့သွားမှာတော့ မဟုတ်ပါဘူး"
"ဟုတ် ကျွန်မ ဖတ်ကြည့်ပြီးပါပြီ၊ သဘောကျပါတယ်"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"
သို့နှင့် တခြားပြောမည့်သူ မရှိလောက်တော့ဘူးဟု ယူဆလို့ရတော့မှ ဂျောင်ဂုလည်း ကိုယ်ကို မတ်မတ်ထိုင်လိုက်ပြီး
"အားလုံးသိပြီးလောက်ကြပြီးပြီဆိုပေမယ့် နောက်အပတ်ထဲ ရိုက်ကူးရေးစပါမယ်၊ schedule တွေကိုလည်း မန်နေဂျာတွေလက်ထဲ သေချာအပ်ထားပြီးပါပြီ၊ အဲ့တော့ ပထမဆုံး ကျွန်တော်တို့ရဲ့ schedule က သဘက်ခါမှာ လုပ်မယ့် premiere ပွဲဖြစ်ပါတယ်၊ အဲ့မှာ သတင်းထောက်တွေရဲ့ မေးခွန်းတွေထဲ ရှောင်ရမယ့်အချက်တွေကို ကျွန်တော် အခုပဲ စာရွက်နဲ့တကွပေးပါမယ်"

ESTÁS LEYENDO
You Fill My Heart [Completed]
Fanficjeon jungkook x kim taehyung Started date ~ May 27, 2023 Ended date ~ Nov 30, 2023