(Unicode)
"ကိုကို.. ကိုကို"
ဖုန်းထဲကနေ ထွက်ပေါ်လာသော ထယ်ယောင်းခေါ်သံလေးကြောင့် ဂျောင်ဂု နှုတ်ခမ်းမှာ ထိန်းချုပ်မရနိုင်စွာ ကော့ညွတ်သွားမိ၏။
နောက်မှ မိမိရောက်နေတာ အစည်းအဝေးခန်းထဲမှာမှန်း ပြန်သတိရကာ ရုပ်ပြန်တည်လိုက်ရသည်။
"ရိုက်ကူးရေး ပြီးသွားပြီလား..အချစ်"
"ဟုတ်.. အဲ့ဒါ ကိုကို မအားရင် ကျွန်တော့်ဘာသာပဲ ပြန်လိုက်ပြီး.."
"ခဏလေး ကိုယ်လာမယ်"
ဂျောင်ဂုက ပြောလည်းပြော မတ်တတ်လည်း ထရပ်လိုက်သည်မို့ ဘေးနားရှိ ဆော့မင်က ဂျောင်ဂုကို အမြန်ပြန်ဆွဲထိုင်စေရ၏။ ပြီးမှ မျက်နှာရိပ် မျက်နှာထားနဲ့ အရှေ့က ဝန်ထမ်းတွေကို ညွှန်ပြလာလေသည်။ သဘောက အစည်းအဝေးလုပ်နေတုန်းကြီး မသွားနဲ့ဆိုတဲ့သဘော။
ဂျောင်ဂုလည်း ထိုအခါမှ စိတ်ကို လျှော့လိုက်ကာ ခုံတွင် သေချာပြန်ထိုင်လိုက်ရသည်။ တကယ်ဆို အစည်းအဝေးလုပ်နေတုန်းကြီး ဖုန်းပြောနေတာနဲ့တင် အတော်လွန်နေပြီဟု ပြောနိုင်၏။ ကိုယ်တိုင်က သူဌေးဖြစ်နေလို့သာ။
"ကိုယ် driver လွှတ်လိုက်မယ်၊ တစ်ယောက်တည်း မပြန်နဲ့"
"ကျွန်တော် အိမ်ပြန်ပြီး အမေ့ကို ပိုက်ဆံလေး နည်းနည်းပေးမလားလို့"
"မပေးနဲ့တော့ ကိုယ်ပေးပြီးပြီ"
"ဗျာ"
ဂျောင်ဂု ဒုတိယအကြိမ် မတ်တတ်ထရပ်လိုက်ပြန်သည်။
"ကိုယ်လာခဲ့မယ် ခဏလေးပဲစောင့်"
ပြီးတာနဲ့ ဖုန်းချလိုက်ကာ အခန်းထဲမှ လူတွေကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး
"တောင်းပန်ပါတယ်၊ ကျွန်တော် အရေးကြီးကိစ္စလေးပေါ်လာလို့ သွားရမှာမို့လို့ပါ၊ အဲ့အစား အခု Legend Entertainment ရဲ့CEO အသစ်ဖြစ်တဲ့ အီဆော့မင်က ကျွန်တော့်ကိုယ်စား ဦးဆောင်ပေးပါလိမ့်မယ်"
ဂျောင်ဂုစကားအဆုံး ဝန်ထမ်းတွေက လက်ခုပ်တီးပြီး ကြိုဆိုကြလေတော့ ဆော့မင်လည်း ထိုင်ရာမှ ထကာ ဦးညွှတ်အရိုအသေပြုလိုက်သည်။ ဂျောင်ဂုကိုတော့ 'တော်တော်အရေးကြီးတဲ့ကိစ္စလား' ဟူသော အကြည့်တွေဖြင့် ကြည့်နေလျက်။
![](https://img.wattpad.com/cover/341197670-288-k813015.jpg)
DU LIEST GERADE
You Fill My Heart [Completed]
Fanfictionjeon jungkook x kim taehyung Started date ~ May 27, 2023 Ended date ~ Nov 30, 2023