(Unicode)
ထယ်ယောင်း၏ YouTube channel ဖြစ်တဲ့ “Veautiful Days with Taehyung” တွင် ဘာ video မှတက်မလာတာ အတော်ကြာပြီဖြစ်သည်။
နောက်ဆုံးတင်ခဲ့တဲ့ video က ထယ်ယောင်းကဲ့သို့ YouTuber တစ်ယောက်ဖြစ်သော ပတ်မြောင်ဂျွန်းဆိုသူနဲ့အတူ collaboration လုပ်ထားတဲ့ video ပင်။ ထိုအောက်တွင်လည်း သူတို့နှစ်ယောက်ဟာ chemistry အလွန်မိကြောင်းပြောထားသူများဟာ ဒုနဲ့ဒေး။
ဂျောင်ဂု အမြင်တော့ အဲ့လောက်ဟုတ်မနေပါဘူး။
သို့ပေမဲ့ ထယ်ယောင်းကို social တွင်မတွေ့ရတာ တစ်ပတ်ကျော်ပြီမို့ ဂျောင်ဂုမှာ နေမရ ထိုင်မရ။ အမြဲလိုလို ထယ်ယောင်း၏ update ကို မျှော်နေခဲ့သူမို့ လွမ်းသလိုဆွေးသလို။ ထို့ပြင် ဘားတွင် ဆုံမိခဲ့စဉ်က ပြဿနာတစ်ခုခုရှိလို့ စိတ်ညစ်နေကြောင်းလည်း တစွန်းတစကြားခဲ့ရသဖြင့် စိတ်ပူပန်မှုဟာ ပို၍သာ တိုးလာမိသည်။
ထယ်ယောင်းအနားကို ကပ်မရသည့်အဆုံး ထယ်ယောင်းကို အနားခေါ်ဖို့က ဂျောင်ဂုအစီအစဉ်မို့ အဖေ့ကိုပင် အသိမပေးဖြစ်ဘဲ ထယ်ယောင်း၏ မန်နေဂျာကို အရင်ဆက်သွယ်လိုက်၏။
"ဟုတ်ကဲ့၊ ချွဲဝူရှစ်ပါ"
ပထမဆုံးအကြိမ်ကြိုးစားမှုမှာတင် ဖုန်းကိုင်လာသော ထယ်ယောင်းမန်နေဂျာ။ ဂျောင်ဂု စိတ်ထဲတွင် အပျော်လှိုင်းလေးများ ဖြတ်ပြေးသွားမိသည်။ အဆက်အသွယ်ကိစ္စတော့ အောင်ပြီ။
"မင်္ဂလာပါ ကျွန်တော်က Legend Entertainment ရဲ့ ဥက္ကဌလောင်း ဂျွန်ဂျောင်ဂုဖြစ်ပါတယ်"
"ဟုတ်ကဲ့"
"ကင်ထယ်ယောင်းကို ကျွန်တော်တို့ entertainment ရဲ့ အနုပညာရှင်အဖြစ် လက်တွဲလုပ်ဖို့အတွက် စဉ်းစားပေးစေချင်ပါတယ်"
"Benefit တွေက ဘယ်လိုရှိမလဲ"
"ပွဲဦးထွက်အနေနဲ့ ကျွန်တော်တို့ ရုပ်ရှင်ကားရဲ့ အဓိကဇာတ်ကောင်နေရာမှာ ပွဲဦးထွက်ရမှာဖြစ်ပြီး 8:2 နဲ့စာချုပ်ချုပ်ပါမယ်"
ဂျောင်ဂုစကားအဆုံး တစ်ဖက်မှ ထယ်ယောင်းမန်နေဂျာဟာ အနည်းငယ်တိတ်ဆိတ်သွားလေသည်။ ပုံမှန်ဆို 6:4 နဲ့ 7:3 လောက်ပဲရှိသင့်တာကို ထယ်ယောင်းလို ဘာအတွေ့အကြုံမှ မရှိသူကို 8:2 ဆိုတော့ ဒါဟာ မက်လောက်စရာ ပမာဏပင်။

ESTÁS LEYENDO
You Fill My Heart [Completed]
Fanficjeon jungkook x kim taehyung Started date ~ May 27, 2023 Ended date ~ Nov 30, 2023