အပိုင်း-၁

4.9K 266 51
                                    

" ကျွန်ုပ် ရှစ်ယင်သည် ယနေ့မှစ စစ်နတ်ဘုရား
နှင့် တောင်သခင်ရာထူးကို စွန့်ပယ်၍ သေမျိုး
လောက၌သာ အသက်သေသည်အထိ ဘဝကိုဖြတ်
သန်းပါမည် "

ရှစ်ယင်က သူ့ခန္ဓာကိုယ်ပေါ်က အဆောင်အယောင်
တွေအားလုံးကိုချွတ်ချလိုက်ပြီးနောက်မှာ တော့အ
ရာအားလုံးကို ကျောခိုင်းခဲ့လိုက်တော့သည်။

သူသည် သေချာပေါက် အားယွင်ကိုလိုက်ရှာမည်
သူ့ရဲ့အားယွင်...အားယွင်ကိုသူပေးဆပ်ဖို့အကြွေး
တွေ အများကြီးတင်နေသည်။ ကမ္ဘာမြေအဆုံးထိ
ဆိုရင်တောင် အားယွင်ကိုမတွေ့တွေ့အောင်ရှာပြီး
သူ့ရင်ခွင်ထဲထည့်ထားတော့မည်။

"ရှစ်ယင် သေချာပြီလား နှစ်ထောင်ပေါင်းများစွာ
ကျင့်ကြံလာခဲ့ပြီးမှ ‌မသေမျိုးလောက ကိုစွန့်ခွာ
တော့မယ်ဆိုတာက "

"အစ်ကိုတော်...ဒီအချိန်တွေအတွင်း ကျွန်တော့ကို
စောင့်ရှောက်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်..ကျွန်
တော်က ဒီနေ့ကစပြီး သေမျိုးတစ်ယောက်အဖြစ်
ပဲနေထိုင်သွားတော့မှာပါ ။ အားယွင်တောင် ကျွန်
တော့လိုလူအတွက် အသက်ပေးသွားသေးတာပဲ
ကျွန်တော်သူ့အပေါ်မှားခဲ့တာတွေအတွက်ပြန်ပေး
ဆပ်ရဦးမယ်...အစ်ကိုတော် ကျွန်တော့ကိုမတားပါ
နဲ့တော့ ရေစက်တွေမကုန်သေးရင်တော့ ပြန်ဆုံချင်
‌ပါသေးတယ်"

ဝတ်ရုံဖြူလွလွကိုဝတ်ဆင်ထားပြီး ကျက်သရေ
ရှိလွန်းလှတဲ့ စစ်နတ်ဘုရား တဖြစ်လဲ တောင်သခင်
ရှစ်ယင်

ရှစ်ယင်ဟာ ဘာကိုမှ နောက်ဆံမတင်းတော့ပဲ
လှည့်ထွက်ခဲ့လိုက်တော့သည်။ သုံးလောက ရှုပ်
ထွေးလွန်းပါတယ်။ မကြာခင်က မသေမျိုးတွေ
လောကမှာ ပြသနာတွေ ဖြစ်သွားခဲ့တယ်။ မိစ္ဆာတွေ
မကောင်းဆိုးဝါးတွေဆိုတာက သူထပ်ပြီးမကြား
ချင်တော့တဲ့အရာတွေဖြစ်တယ်

သေမျိုးတစ်ယောက်အဖြစ်ခံယူမယ် ဆံပင်တွေ
ဖြူသွားရမယ်ဆိုရင်တောင် အားယွင်ကိုမတွေ့မ
ချင်း ရှာပုံတော်ဖွင့်နေရလိမ့်မယ် ။

***********

"သခင်လေး သခင်လေး မကောင်းတော့ဘူး
သခင်ကြီးသူ အိမ်တော်မှာသောင်းကျန်းနေပြီ
အခုချက်ချင်းအိမ်ပြန်မှဖြစ်ပါလိမ့်မယ် "

အားယွင်(阿允)Where stories live. Discover now