အပိုင်း-၇

1.2K 200 64
                                    

"ဘာပြောတယ်....သူ့ကိုဘယ်သူကတောင်အောက်
ဆင်းခွင့်ပြုလိုက်တာလဲ "

"ရှစ်ယင် ဘာဖြစ်လို့ ဒီလောက်ဒေါသကြီးနေရ
တာလဲ "

ခရီးကပြန်‌ရောက်ချင်းပင် သူတို့ဆရာ ရှစ်ယင်က
အားယွင် ဂိုဏ်းမှာမရှိပဲ အိမ်ပြန်သွားတယ်ဆိုတဲ့
စကားကြောင့် ဒေါသပုန်ထနေတော့တယ်။

"အစ်ကိုတော် ... ဘယ်သူ့သဘောနဲ့ သူ့ကိုတောင်အောက်ဆင်းခိုင်းလိုက်တာလဲ သူ့ရဲ့ဆရာသခင်ဖြစ်
တဲ့ ကျွန်တော့်သဘော မပါပဲ‌နဲ့လေ"

"မင်းတောင်အောက်ဆင်းတိုင်း ဒီကလေးက
တစ်ယောက်တည်း ကျန်ခဲ့ရှာတာ...အခုကလည်း
သူ့အစ်ကိုကိုယ်တိုင်လာခေါ်သွားတာ သူတို့မျိုး
နွယ်စုမှာ ပွဲတော်ရှိလို့ "

"တောက်!!! ပြန်လာမှ တွေ့မယ် ရှဲ့ယွင် ငါအတန်
တန်မှာထားခဲ့ရက်နဲ့"

ဘယ်သူမှ ဘာမှ ရှင်းပြလို့မရအောင် အမျက်ထွက်
နေတဲ့ ရှစ်ယင်ဟာ တကယ်ပဲ ဘာဖြစ်လို့ ဒီလောက်
ထိဖြစ်နေရတာလဲ နားမလည်နိုင်တော့။

"အားချန်...ရှဲ့ယွင်ပြန်လာတာနဲ့ ငါ့ဆီသတင်းလာ
ပို့ချေ "

"တပည့်နားလည်ပါပြီ "

ထို့နောက် ဝတ်ရုံကိုခါထုတ်လို့ ထွက်သွားတော့
သည်။

"အားချန် မင်းဆရာက တကယ်ပဲဘာဖြစ်လာလို့
ဒီလောက်ထိဖြစ်နေရတာလဲ"

"အဲ့တာတော့ ကျွန်တော်လည်းမသိဘူး ဆရာဦး
လေး .. အားယွင်တော့ပြန်လာရင် အပြစ်ပေးခံ
ထိဦးမယ်ထင်တယ် "

"အဲ့လိုမဖြစ်ရဘူး...ငါကိုယ်တိုင်တောင်အောက်
ဆင်းဖို့ခွင့်ပြုလိုက်တာ "

"ရှစ်ဖူက အားယွင်ကိုဆို အမြဲမျက်နှာသာမပေး
ဘူး ... အားယွင်အစားရင်လေးတယ် ဆရာဦးလေး"

ဆရာဦးလေး မင်ဇယ်လည်း ဘာပြောရမှန်းကို
မသိတော့ချေ။ သူ့ညီ ရှစ်ယင်က တကယ်ပဲဘာ
လို့ ဒီတပည့်လေးအပေါ် အညှိုးထားနေရသလဲ

**********

"ရှစ်ဖူ အားယွင်ပြန်လာပါပြီ "

ရှစ်ယင်က ထိုင်နေရာကနေထသွားလိုက်သည်

တစ်နေရာအရောက် အားယွင်နှင့်အတူပါလာတဲ့
သူ့အစ်ကို ပိုင်လီဟုန်ရီကို မြင်လိုက်ရ၍ မျက်
မှောင်တွန့်သွားရသည်။

အားယွင်(阿允)Where stories live. Discover now