အပိုင်း-၁၁

1.2K 189 33
                                    

"အကြီးအကဲ ယွင် တစ်ယောက်လုံးရှိနေတာပဲ
ကျုပ်တို့က ဒီမကောင်းဆိုးဝါး မိစ္ဆာတွေကိုဘာ
အတွက်ကြောင့်ကြောက်နေရမလဲ"

"ယောင်ဂိုဏ်းချုပ် စကားကိုသတိထားပြောပါ အခု
မြို့တော်အခြေအနေတွေကိုလည်းသိနေတာပဲ‌လေ
နေ့စဉ်နဲ့ အမျှ မကောင်းဆိုးဝါးတွေရဲ့ ဖမ်းစားခြင်းကို
ခံနေရတဲ့ နစ်နာသူတွေဘယ်လောက်များပြီးလဲ...
ကျွန်တော်တို့လိုကျင့်ကြံသူတွေအတွက်က အခုချိန်
မှာ ဘာမှမဖြစ်သေးဘူးဆိုပေမယ့် အခုလိုဆက်ပြီး
တုံ့ဆိုင်းနေမယ်ဆို သုံးလောက အနှေးနဲ့အမြန်ပျက်
စီးသွားမှာ အသေအချာပဲ"

ကြီးကျယ်ခမ်းနားလှတဲ့ ရွှယ်လော့ဆောင်‌တွင်
ဂိုဏ်းပေါင်းစုံ ညီလာခံကို ကျင်းပလျက်ရှိသည်။
ဂိုဏ်းပေါင်းစုံက တစ်ယောက်တစ်ပေါက်နှင့်
ညီလာခံကို လက်ခံကျင်းပတဲ့ အိမ်ရှင်ဂိုဏ်းချုပ်
ရှစ်ယင်ကတော့ အလယ်ခုံတန်းရှည်ကြီးတွင်
လက်ဖက်ရည်သောက်လျက်ဘာမှဝင်မပြောပဲ
တည်တင်းလှတဲ့ မျက်နှာထားနဲ့ မာမာထန်ထန်
ရှိလှသည်။

ယွင်ရှီးကသာ အကုန်ပြောဆိုနေရတာဖြစ်သည်
ဆရာဦးလေး မင်ဇယ်လည်းအပါအဝင်ပေါ့

ငြိမ်နေတဲ့ ရှစ်ယင်ကို မင်ဇယ်က

"ရှစ်ယင်...မင်းမှာဘာအကြံများရှိလဲ ဘာမှဝင်မပြော
ပဲ နေပုံထောက်ရင် "

"အားလုံးပဲ....ကျွန်တော်တို့ရဲ့ ပစ်မှတ်ကို ကောင်း
ကောင်းမသိသေးလို့ အခုလို အငြင်းပွားဖွယ်ရာတွေ
ဖြစ်နေရတာပါ ... ရန်သူတွေမှာ အားနည်းချက်ကရှိ
ပြီးသားပါ .... အခုလက်ရှိ မြို့တော်မှာသောင်းကျန်း
နေတာက ဘာမဟုတ်တဲ့ မိစ္ဆာဂိုဏ်းရဲ့ လက်အောက်
ငယ်သားတွေပဲရှိတယ် ... ကျွန်တော် စုံစမ်းမှုတွေအရ
မိစ္ဆာ ဂိုဏ်းခေါင်းဆောင်က နာမကျန်းဖြစ်နေတာ နှစ်
ပေါင်းများစွာကြာခဲ့ပါပြီ "

"ဒါ...ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...မိစ္ဆာဂိုဏ်းချုပ်သာ
နာမကျန်းဖြစ်နေတယ်ဆိုရင် ဒီနှစ်တွေမှာ မြို့တော်
ထဲ ရုန်းရင်းဆန်ခတ်ဖြစ်နေစရာအကြောင်းမရှိဘူး
လေ "

"အားလုံးပဲ မလောကြပါနဲ့... ရှစ်ယင် ဒီနေ့ဘာမှဝင်
မပြောတာက အားလုံးဘာမှလုပ်စရာမလိုပဲ အချိန်
တစ်ခုကိုပဲစောင့်စေချင်တာပါ"

အားယွင်(阿允)Where stories live. Discover now