အပိုင်း-၁၅

1.1K 166 26
                                    

အားယွင် ဂိုဏ်းကိုရောက်တော့ ဂိုဏ်းတစ်ခုလုံး
အသက်ရှင်ကျန်သူတစ်ယောက်ပင်မရှ်ိအကုန်
အသတ်ခံထားရသည်။

လူက ကျောက်ရုပ်သဖွယ်တောင့်တောင့်ကြီး
ဖြစ်နေကာ အရာအားလုံးကို လက်ခံနိုင်သည့်
အင်အားမရှိပေ

တစ်နေရာအရောက်မှာတော့ အသက်မရှိတော့
တဲ့ သူ့ရဲ့ အားယဲနဲ့ အားမားကိုတွေ့လိုက်ရသည်

ရှဲ့ယွင် မျက်ဝန်းထဲက မျက်ရည်တွေစီးကျလာ
တာမရပ်တော့

"အားယဲ...အားမား...ထပါဦး အားယွင်ကိုတစ်
ယောက်တည်းထားခဲ့လိုက်ပြီလားဟင် အားယွင်
လိမ္မာပါတော့မယ် အားယဲ မသေပါနဲ့ ...အားမား
အားယွင်ရောက်လာပြီထကြည့်ပါဦး!"

အားယွင်ဟာ မိဘနှစ်ပါးကို ရင်ခွင်ထဲထည့်ပိုက်
ကာ ကလေးတစ်ယောက်သဖွယ် ငိုကြွေးအော်
ဟစ်နေမိသည်။ မိဘနှစ်ပါးလုံးကိုဆုံးရှုံးလိုက်ရ
တဲ့သူ့ရင်ထဲ ရစရာပင်မရှိအောင်ကြေမွမနေခဲ့
သည်။

ငိုနေတုန်းမျက်ရည်တွေကြားက လှမ်းမြင်လိုက်
ရတာက သူ့ရဲ့အစ်ကိုတော် မြေကြီးပေါ်မှာသွေး
တွေဗလပွနဲ့ လဲလျောင်းနေသည်။မျက်နှာလှလှ
လေးနဲ့မလိုက်ဖက် မျက်နှာမှာလည်းသွေးတွေ
ပေပွနေသည်

အားယွင် ချက်ချင်းထကာ အားရှုန်းနားသွား
လိုက်သည်။

"အားရှုန်း!!!!!!!ထပါဦး အားယွင်ကိုအခုလို
မထားခဲ့ပါနဲ့ "

သူဟာတစ်ရက်ထဲပင် မိသားစုကိုဆုံးရှုံးလိုက်ရပြီ
သူ့မှာကျန်တာဘာမှမရှ်ိတော့ ။ အရူးတစ်ပိုင်းပင်။သူ့ရဲ့ အသုံးမဝင်တဲ့ အမြုတေကြောင့် သူချစ်တဲ့သူတွေသေဆုံးခဲ့ရသည်။ ထပ်ပြီးသူ့
ကြောင့်နဲ့ ရှစ်ဖူတို့ဒုက္ခရောက်ရဦးမည်။

သူဟာ အစကတည်းကရှိမနေသင့်တဲ့သူတစ်
ယောက်ဖြစ်သည်။ သူသေသွားရင် အရာအား
လုံးက ပြီးဆုံးသွားမှာ

အားယွင်က နီးရာ ဓားကိုဆွဲယူကာ လည်ပင်း
ထက်ဓားသွားတင်ကာ ဖြတ်ပစ်လိုက်ဖို့ကြိုးစား
သော်လည်း အချည်းနှီးဖြစ်ကာ ဓားက အဝေး
သို့လွင့်စင်သွားရသည်။

"အိုး...အလှလေးက စောစောသေလို့ဘယ်ဖြစ်
ပါ့မလဲ မင်းလာတာကိုစောင့်နေတာ "

အားယွင်(阿允)Where stories live. Discover now