အပိုင်း-၁၆

1.4K 185 29
                                    

ကျိချုန်း မင်္ဂလာဝတ်စုံနီရဲရဲကိုဝတ်ဆင်ထား
သည်။ ပိုင်လီခန္ဓာကိုယ်ပေါ်တွင်လည်း မင်္ဂလာ
ဝတ်စုံ နီနီရဲရဲလေးက နေရာယူထားသည်

ကျိချုန်းက ပိုင်လီဟုန်ရီလဲ‌လျောင်းနေတဲ့ကု
တင်ဘေး မှီလို့ မင်္ဂလာသေရည်သောက်နေသည်

"မင်းနဲ့ကိုယ်နဲ့တူတူရှိခဲ့တဲ့အချိန်တွေကိုသတိရ
မိတယ်။ မင်းမွေးလာတုန်းကတော့ ကိုယ်ကမင်း
ကိုကလေးလေးလိုချစ်ခဲ့ရတာ ။ အရွယ်ရောက်
လာတော့ မင်းအပေါ်ထားတဲ့အချစ်တွေကဖြူ
စင်မနေတော့လို့ ကိုယ်ဖွင့်ပြောခဲ့တော့ မင်းက
ကိုယ့်ကိုလက်ခံပေးခဲ့တယ်။ ကိုယ်တို့နှစ်ယောက်
တူတူ‌ရှိခဲ့တဲ့နေ့ရက်တိုင်းက ကိုယ့်အတွက်အဖိုး
အတန်ဆုံးပဲ ။ အမှုဖြေရှင်းနေတဲ့အချိန် မျက်
မှောင်အမြဲတွန့်နေတဲ့ အဲ့ဒီမျက်ဝန်းလေးတွေ
ကိုယ်ဘယ်လောက်တောင်ချစ်ခဲ့ရသလဲ မြတ်
နိုးလိုက်ရသလဲ ...

အခုမင်းမရှိတော့ ကိုယ်လည်းဆက်
ပြီး အသက်ရှင်စရာအကြောင်းပြချက်မရှိတော့
ဘူး ။ အချစ်ရယ် ကိုယ်မင်းနောက်လိုက်လာတော့မယ်။ နောင်ဘဝဆိုတာရှိခဲ့ရင် ကိုယ်မင်း
ကိုပဲ လက်ထက်ယူပါ့မယ် "

ထို့နောက်ကျိချုန်းဟာ အဆိပ်ခွက်ကို ကျေကျေ
နပ်နပ်သောက်‌လိုက်သည်။

ကျိချုန်းက ပိုင်လီရဲ့လက်ကလေးကိုဆုပ်
ကိုင်လျက် သူချစ်ရသူနောက်ကိုလိုက်သွားခဲ့
ပြီ ။

****************

အဖြစ်အပျက်တွေအကုန်အပြီးမှာ အကုန်လုံး
လည်း ဝမ်းနည်းပူဆွေးနေကြသည်။

ရှစ်ယင်ကအဆိုးဆုံးဖြစ်မယ်ထင်တယ်

လက်ထက်ယူထားတာမကြာသေးတဲ့အားယွင်
မရှိတော့တာ သိပ်ကိုစိတ်ထိခိုက်စရာပင် အသက်
ရှိစဉ်တုန်းက ကောင်းကောင်းမဆက်ဆံပေးခဲ့ပဲ
နာကျင်စရာတွေပဲပေးခဲ့မိသည်

အားယွင်ကတော့ သူ့ကြောင့်နဲ့ အသက်ပေး
သွားရသည်။

ရက်ပေါင်း30လောက်ကြာပြီးနောက်မှာတော့
ရှစ်ယင်ဟာဆုံးဖြတ်ချက်တစ်ခုချလိုက်သည်

အားယွင်ကိုသူစောင့်မယ် အားယွင်ပြန်လာတဲ့
အချိန်ထိစောင့်မယ်ဆိုပြီး

အားယွင်(阿允)Donde viven las historias. Descúbrelo ahora