နောက်တစ်နေ့မနက်မှာ အားယွင်က သူ့အစ်ကို
ပေးခဲ့တဲ့ ဆေးအစွမ်းကြောင့် မူလ လူသားလေး
အသွင်ကိုပြန်ပြောင်းနိုင်ခဲ့ပြီဖြစ်တယ်။အခုမှလွတ်လွတ်လပ်လပ်နေရတော့တယ်ဟု
တွေးမိသည်။"အားယွင် သက်သာသွားပြီလား "
"အားယွင် သက်သာနေပါပြီ ဆရာတူအစ်ကို
ဒီရက်ပိုင်းအတွင်း ဂရုစိုက်ပေးလို့ အားယွင်က
ကျေးဇူးအများကြီးတင်ပါတယ်"အားယွင်က အရိုအသေပေးကာ ကျေးဇူးစကားဆို
လိုက်သည်။"အိုင်း....မလိုပါဘူးကွာ သူစိမ်းတွေမှမဟုတ်တာ
ကိုယ့်ဆရာတူညီလေးပဲ လုပ်ပေးရမှာပေါ့ ငါတို့မ
လုပ်ပေးရင် ဘယ်သူလုပ်ပေးမှာလဲ""ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်...ကျွန်တော်
ရှစ်ဖူဆီသွားလိုက်ဦးမယ်...နေမကောင်းဖြစ်နေ
တော့ ရှစ်ဖူကို လုပ်ပေးရမယ့် တာဝန်ဝတ္တရား
တွေ ပျက်ကွက်တာများနေပြီ""အင်း..မဟုတ်ရင်တောင် ရှစ်ဖူက မင်းသတိရလာ
ရင် သူ့ဆီလွှတ်လိုက်ဖို့ မှာထားတာ သွားလိုက်ဦး"ရှဲ့ယွင်လည်း ဆရာသခင်ရှိရာ အဆောင်သို့ အမြန်
ဆုံးပြေးရတော့သည်။*******
သူရှစ်ဖူအဆောင်ကိုရောက်တဲ့အချိန်မှာ စိတ်တို့
အေးချမ်းသွားရသည်။ဂိုဏ်းခေါင်းဆောင်လည်းဖြစ် သူရဲ့ဆရာလည်းဖြစ်
တဲ့ ရှစ်ယင်ရှစ်ဖူက အေးချမ်းတိတ်ဆိတ်မှုကိုသ
ဘောကျပြီး သီးသန့်နေထိုင်ရတာကိုကြိုက်နှစ်သက်
သူလည်းဖြစ်သည်။ရှစ်ဖူရဲ့ အိပ်ဆောင်ဘေးမှာ ပြာလဲ့လဲ့ ရေကန်ငယ်
လေးတစ်ကန်လည်းရှိကာ ရေကန်ဘေးဘက်တွေ
မှာတော့ အရောင်စုံလှတဲ့ အပင်ပေါင်းများစွာနဲ့
အရမ်းကိုလှပအသက်ဝင်လွန်းလှသည်။တစ်ချို့အပင်တွေဆို ရှစ်ဖူကိုယ်တိုင် စွမ်းအားတွေ
အများကြီးသုံးကာ ပျိုးထောင်ထားခဲ့ရတဲ့အပင်လေး
တွေလည်းဖြစ်သည်။ရှစ်ဖူ ကိုယ်တိုင် ဖန်တီးပေးထားတဲ့ အပင်လေး
တွေက ရှစ်ဖူရဲ့ တပည့်တိုင်းမှာ ရှိသည်။ ဆရာ
တူအစ်ကိုအားချန်ဆို ခရမ်းရောင်သစ်ခွကိုအရမ်း
ကြိုက်သူမို့ ရှစ်ဖူကခရမ်းရောင်သစ်ခွ ပန်းအိုးလေးတစ်အိုးလက်ဆောင်ပေးခဲ့သည်။
![](https://img.wattpad.com/cover/345680982-288-k375873.jpg)