အပိုင်း-၁၉

1.4K 177 25
                                    

ရှစ်ယင်တစ်ယောက် တကယ်ကိုခေါင်းကြိမ်းနေ
ရပြီဖြစ်သည်။ အားယွင်အရင်ဘဝတုန်းကဒီလို
ဆိုးတဲ့‌ကလေးမဟုတ်ပါဘူး အခုမှဘာလို့ဒီ
လောက် ထိန်းမရသိမ်းမရလေးဖြစ်နေတာလဲ

ဒီနေ့ ရှစ်ယင်ဟာ ကုန်‌သင်္ဘောတွေ စိုက်တာ
‌ကြောင့် ကုန်တွေစစ်ဆေးကြီးကြပ်ဖို့ တစ်မနက်
လေးထွက်သွားလိုက်တာ။ နေ့ခင်းပြန်ရောက်
တော့ အားယွင်ကိုရှာလို့မတွေ့တော့ပေ။

တင်းမာနေတဲ့သူ့မျက်နှာ‌ထားနဲ့လေသံကြောင့်
အစေခံတွေလည်း နေစရာနေရာမရှိမလှုပ်ရဲ
အောင်ဖြစ်နေတော့သည်။ အားယွင်ကိုရှာတဲ့သူ
တွေကလည်း ပြာယာခက်လို့ ။

ဝမ်သခင်ကြီး အိမ်ဆောင်ဘက်ကိုလည်းမလာ
ဘူးတဲ့။ အဲ့တော့ ရှစ်ယင်ကိုယ်တိုင်မြို့ထဲအနှံ့
လိုက်ရှာရတော့တာပဲ။

"အိမ်တော်သခင်ကြီး.....သခင်လေးအားယွင်ကို
အပျော်မယ်ဂေဟာထဲ ဝင်သွားတာ မြင်လိုက်
တယ်လို့ အနားကလူတွေပြောပါတယ် "

ရှစ်ယင် စိတ်ထဲကိုထောင်းခနဲ ဒေါသထွက်သွား
ရသည်။ သူဖြူဖြူစင်စင်ဥထားခဲ့တဲ့‌ကလေးက
အခုတော့ အပျော်မယ်ဂေဟာတွေပါသွားတတ်
နေပြီ။ အလိုလိုက်ထားတဲ့သူ့အပြစ်တွေသာဖြစ်
သည်။

တခြားအရာအားလုံးခွင့်ပြုနိုင်ပေမယ့် မိန်းကလေးတွေနဲ့ပတ်သတ်တာမျိုးတော့ရှစ်
ယင်နည်းနည်းလေးတောင်နားမလည်ပေးနိုင်
ပါ။

သူ့စိတ်က အားယွင်နဲ့မှပဲ ပိုင်ဆိုင်လိုစိတ်ကြီး
စိုးလာတဲ့ပုံပါပဲ။

ဘာမှဆက်မစဉ်းစားနေတော့ပဲ ဂေဟာထဲဝင်
သွားလိုက်သည်။

ဂေဟာထဲဝင်တာနဲ့ အပျော်မယ် ခေါင်းဆောင်
ကသူ့ကိုတွေ့တာနဲ့ချက်ချင်းပြေးလာကာဧည့်ခံ
သည်။

တစ်ချို့ကုန်ပစ္စည်းတွေက ဂေဟာကိုလည်းတင်
သွင်းရတာမို့ အပျော်မယ် ခေါင်းဆောင်ကသူ့ကို
သိနေခြင်းဖြစ်သည်။

"အိမ်တော်သခင်ကြီး ဘာကိစ္စများရှိလို့ ဒီလိုနေ
ရာထိ ရောက်လာတာလဲမသိဘူး"

"ငါ့အိမ်သူ ဒီ‌ကိုရောက်နေတယ်လို့ပြောတယ်...
အဲ့တာလာခေါ်တာ"

အားယွင်(阿允)Where stories live. Discover now