အပိုင်း-၆

1K 146 10
                                    

"ရှစ်ဖူ လမ်းမှားစားဖို့ အားယွင် လုပ်ပေးထားတဲ့
အဆာပြေမုန့်လေးတွေ"

တောင်အောက်ဆင်းခါနီး အားယွင်က ရှစ်ဖူကိုသူ
ပိုးထည်စလေးနဲ့ သေချာထုပ်လာတဲ့ အဆာပြေ
မုန့်လေးတွေကို ပေးလိုက်တယ် ။ ရှစ်ဖူကလက်ခံ
ပါ့မလားလို့မသေချာဘူး ။

ရှစ်ဖူက သူ့ကို ခပ်တည်တည် တစ်ချက်ကြည့်ပြီး

"အားချန်...ယူခဲ့လိုက်"

အားယွင်က ဝမ်းသာအားရ ဆရာတူအစ်ကိုဆီလှမ်း
ပေးလိုက်တယ် ။

"ဂိုဏ်းမှာ ငါမရှိတဲ့အချိန် ဘယ်မှသွားဖို့စိတ်
မကူးနဲ့...အလုပ်တွေသာ ပြီးအောင်လုပ်ထား"

ထို့နောက် ရှစ်ဖူက သူ့ကိုကျောခိုင်းသွားတော့
တယ်။ ဒီတစ်ခါလည်း သူတစ်ယောက်တည်း
အထီးကျန်စွာ ကျန်ခဲ့ရပါဦးမယ် ။

ပုံမှန် ဒီလိုအချိန်တွေသူတစ်ယောက်တည်းကျန်
ခဲ့ရင် ရှစ်ဖူရဲ့အိပ်ဆောင်ကိုသန့်ရှင်းရေးလုပ်တယ်
ရှစ်ဖူရဲ့ ကိုယ်သင်းနံ့လေးတွေစွဲကပ်နေတဲ့ဝတ်ရုံ
‌ဖြူဖြူတွေကို သူ့လက်နဲ့ကိုယ်တိုင်လျှော်မယ်

ပြီးရင် ဒီရွှယ်ရှန်းတစ်ခုလုံးကို သန့်ရှင်းရေးလုပ်
မယ်။ ဒီလိုနဲ့ သူ့အချိန်တွေက ကုန်ဆုံးလာခဲ့တာ။

ဂိုဏ်းမှာတခြားတပည့်တွေရှိပေမယ့် သူတို့က
လည်း သူတို့အလုပ်နဲ့သူတို့လေ။  အားယွင်တကယ်
ပဲ အိမ်ပြန်ချင်စိတ်ဖြစ်လာသည်။ ဒီ‌မှာနေရတာ
ပျင်းလွန်းလို့ ကောင်းကင်ပေါ်တောင်ဆန်တက်
တော့မည်။

"အားယွင်....အားယွင်...မင်းအစ်ကိုလာတယ်"

ဆရာဦးလေးရဲ့ ‌ပြောသံနောက် သူအရမ်းကိုပျော်
ရွှင်သွားရသည်။ သူတကယ်ကို အထီးကျန်နေတာ
သူ့အစ်ကိုက ရောက်လာတာပဲ

"အားရှုန်း......"

အားယွင်က သူ့အစ်ကိုတော်ကိုမြင်တာနဲ့ပြေးဖက်
သည်။ သူ့အစ်ကိုတော်ရဲ့ အမျိုးသားကလည်း အား
ယွင်ကို ပြုံးလျက်ကြည့်နေသည်။

"အားယွင် တစ်ယောက် အဆင်မှပြေနေပါရဲ့လား"

"ပြေပါတယ်...ဒါပေမယ့် အားယွင်ကပျင်းနေတာ"

အားယွင်(阿允)Donde viven las historias. Descúbrelo ahora