အပိုင်း-၄

1.2K 178 35
                                    

ညနက်သန်းခေါင်ကြီး ရှဲ့ယွင် ဘယ်လိုအိပ်အိပ်
အိပ်မပျော်တာကြောင့် ရေအေးကန်ဘက် ရေစိမ်
ချိုးဖို့ထွက်လာခဲ့လိုက်သည်။

ညဘက်အချိန်အခါမို့ လူသူကင်းမဲ့နေကာ တိတ်
ဆိတ်နေပုံက နှစ်လိုအဖွယ်အတိကောင်းလှသည်။
ရှူခင်းလှလှနဲ့ ရေအေးကန် ပြီးတော့ သူတစ်
ယောက်တည်း။ လွတ်လပ်တဲ့ခံစားခံချက်

ရှဲ့ယွင်က နှစ်ခါစဉ်းစားမနေတော့ပဲ အဝတ်အစား
တွေအကုန်ချွတ်ချပစ်သည်။ သူ့ခန္ဓာကိုယ်မှာနောက်
ဆုံးအောက်ခံ ဘောင်းဘီအဖြူပါးပါးလေးတစ်ထည်သာကျန်တော့သည်။

နှင်းလိုဖြူစွတ်နေတဲ့အသားအရေ နဲ့ ရှဲ့ယွင်က
မြင်သူတိုင်းတပ်မက်ချင်စရာကောင်းလောက်
တဲ့ခန္ဓာကိုယ်မျိုးပိုင်ဆိုင်ထားသည်။

ကလေးတစ်ယောက်လိုပင် အဝေးကနေအရှိန်နှင့်
ပြေးလာကာ ရေခနဲ ဗွမ်းခနဲမြည်အောင် ခုန်ချလိုက်
တော့ တစ်ကိုယ်လုံးရေအေးတွေအောက်နစ်သွား
တာ ‌အရမ်းနေလို့ကောင်းသွားသည်။

ရေအောက်ကနေ ပြန်ထွက်လာလိုက်ပြီး ရှဲ့ယွင်
ဟာ ကလေးတစ်ယောက်သဖွယ် ရေဆော့ရင်း
ရေစိမ်နေတော့သည်။

ရေတွေကိုတဗြန်းဗြန်းရိုက်လိုက်ဆော့လိုက်နဲ့
ရှိသမျှ အပူအပင်တွေကို မေ့လျော့စွာ ။

......

ရှစ်ယင်လည်း အိပ်မပျော်တာကြောင့် ရေအေး
ကန်ဘက်ကို ထွက်လာခဲ့လိုက်သည်။ မနက်ဖြန်
တောင်အောက်ဆင်းရမှာမို့ တောင်ပေါ်မှာနေရတဲ့
တစ်ညကို ရေအေးကန်မှာ ရေစိမ်ချင်သည်ဟု
စိတ်ကူးပေါက်လာသောကြောင့်ဖြစ်သည်။

သူရေအေးကန်နားရောက်တဲ့ အချိန်မှာပဲ ရေတွေ
ကို တဗြန်းဗြန်းရိုက်နေတဲ့အသံကြားတာကြောင့်
ကြည့်လိုက်တော့ ရှဲ့ယွင်ဖြစ်နေသည်။ ဘယ်သူမှ
မရှိဘူးထင်ပြီး ရေတွေကိုအားရပါးရဆော့နေတာ
သူ့ကိုယ်သူ သုံးနှစ်ကလေးဟုအထင်မှားနေသလား

ရှစ်ယင်လည်းပြန်ပဲ လှည့်သွားရမလား အသံပဲ
ပေးလိုက်ရမလား ဗျာများနေတုန်း နားပါးတဲ့
ကောင်လေးက လှည့်ကြည့်ပြီး သူ့ကိုမြင်သွား
တော့ ပြာသလဲလဲနှင့်

အားယွင်(阿允)Dove le storie prendono vita. Scoprilo ora