ကုတင်ပေါ်ကဆင်းချင်နေတဲ့ကြောင်ပေါက်ကို
ရှစ်ယင်က မကူညီပေးပဲ ဒီတိုင်ကြည့်နေတာ
ကြောင့် သူ့ဘာသာသူခုန်ဆင်းတော့ ဘုတ်ခနဲ
ပြုတ်ကျသည်။ ထို့နောက် ရှစ်ယင်ကိုတောင်
ဂရုမစိုက်ပဲ ဖင်လေးလုံးလုံး လုံးလုံးနဲ့ အပြင်ကို
ပြေးထွက်သည်။အဲ့တာက ဘာဖြစ်တာလဲ ရှက်လို့ထွက်ပြေးတဲ့
အထာလား။ရှဲ့ယွင်က သူ့ကြောင့်နေမကောင်းဖြစ်နေတာ
ကြောင့် ရှစ်ယင်က ပစ်မထားလိုက်ချင်ပါ
သူ့ကြောင့်ဖြစ်တာဟုတွေးကာ ထွက်ပြေးနေ
တဲ့ကြောင်ပေါက်ကို ဂုတ်ကနေ မချီလိုက်တော့
သူ့လက်ထဲ တမြောင်မြောင် နဲ့ပါလာတော့သည်ထို့နောက် ကုတင်ပေါ်ပြန်ချပေးကာ
"ဘယ်ကိုလျှောက်ထွက်ချင်နေတာလည်း နေ
မကောင်းရင် အစားစားပြီး ဆေးသောက်ရမယ်"ရှစ်ယင်က လေသံမာမာလေးနဲ့ပြောလိုက်တော့
ငြိမ်ကျသွားကာ ရှစ်ယင်တိုက်တဲ့ နွားနို့ကိုလိမ်
လိမ်မာမာနဲ့သောက်နေသည်။ နွားနို့သောက်ပြီး
တော့ ဆေးခါးကြီးတွေကိုလည်းသောက်သည်ရှစ်ယင်ကိုတော့ကြောက်ဟန်တူကာ စကားနား
ထောင်တာကြောင့် ရှစ်ယင်ပြောရတာသိပ်တော့
အာမပေါက်။နောက်တစ်ရက် မနက်အိပ်ယာနိုးလာတဲ့အချိန်
အားယွင်နိုးလာတော့ သူ့ခန္ဓာကိုယ်ကနေလို့
ကောင်းနေပြီး လူသားအသွင်ပြန်ပြောင်းသွားပြီ
ဖြစ်တယ်။ ဒီတစ်ခေါက်နေမကောင်းတာကအ
ရမ်းမပြင်းထန်လို့ထင်တယ်။အားယွင်သာ အတွင်းအားတွေကိုကောင်းကောင်း
ထိန်းချုပ်နိုင်မယ်ဆိုရင် အခုလိုနေမကောင်းတိုင်း
ကြောင်ပုံစံဖြစ်သွားစရာမလိုတော့ဘူး။ သို့ပေမယ့် ရှစ်ဖူက သူ့ကို မသင်စေချင်ဘူး။သူ့ကိုရှစ်ဖူက မုန်းနေလို့လေ ။
"အားယွင် နေကောင်းသွားပြီလား နေရတာ
ဘယ်လိုလဲ သက်သာရဲ့လား""သက်သာပါတယ် ဆရာတူအကို "
"အခုဘာတွေလုပ်နေတာလဲ"
ဥယျာဉ်ထဲ ပန်းတွေလျှောက်ခူးနေတဲ့အားယွင်
ကိုကြည့်ကာ အားချန်က မေးလိုက်သည် ။
YOU ARE READING
အားယွင်(阿允)
Fanfictionရှဲ့ယွင်×ရှစ်ယင် ZSWW❗❗ ZHANYI❗❗❗ ပေါက်ကရReading List တွေထဲမထည့်ကြပါနဲ့