အပိုင်း-၁၈

1.3K 168 18
                                    

နေရောင်က အားယွင်ရဲ့ ဖင်လုံးလေးကိုထိုးနေပြီ
အားယွင်က ခုထိမထပေ ... ရှစ်ယင်ကလည်းမ
နှိုးရက်လေ မနေ့က မင်္ဂလာပွဲကြောင့် ပင်ပန်း
ထားတဲ့ အဆိုးလေးကိုသူမနှိုးရက်ပေ။

သူကတော့ အစောကြီးထရတာ ပုံမှန်လိုဖြစ်နေ
ပြီမို့ အစောကြီးထကာ မီးဖိုဆောင်ထဲဝင်လို့
အားယွင်နိုးလာရင် စားဖို့ ပြင်‌ဆင်ပေးမိသည်။

မီးဖိုချောင်က အစေခံမလေးတွေကိုလည်း ဝင်
မကူစေပဲ အားယွင်အတွက် သူတစ်ယောက်
တည်းသီးသန့်လုပ်ပေးချင်တာမို့ အစေခံလေး
တွေခဗျာ ဘေးကနေ ထိုင်ကြည့်နေရသည်

အရင်ကဆို ဒါတွေအားလုံး အားယွင်ကသူ့ကို
လုပ်ပေးခဲ့တာ။ အခုတော့ သူ့အလှည့်ရောက်ပြီ
ဟင်းချက်နည်းအဖြာဖြာကို အားယွင်နဲ့ လက်မ
ထက်ခင်က ရှန် ပြည်နယ်က နာမည်ကြီးစားဖို
မှုးဆီမှာ ငွေကြေးအမြောက်အမြားအကုန်ကျ
ခံပြီးသွားသင်ထားရတာဖြစ်သည်။

ဝတ်ရုံဖြူဖြူ အရပ်မြင့်မြင့်နဲ့ ခန့်ညားလှတဲ့
ဒီသခင်လေးကို အစေခံတွေက ငေးကြည့်ရုံ
သာကြည့်နိုင်တယ်။ ပိုင်ဆိုင်သူက သူတို့သ
ခင်လေး အားယွင်ဖြစ်နေလို့လေ

သခင်လေး အားယွင်က သိပ်ကံကောင်းတာပဲ
ဟု တွေးမိကြသည်။ သူတို့ရဲ့ အိမ်တော်သခင်
အသစ်က သိပ်ကို ခန့်ညားလွန်းတဲ့အပြင် ဟင်း
ချက်တာလည်းတော်ပြီး အရမ်းကိုကြင်နာတတ်
တာပဲ

"ရှစ်ဖူ....ရှစ်ဖူ... ရှစ်ဖူ ဝယ်ခိုင်းထားတဲ့ ပုစွန်
လတ်လတ်ဆတ်ဆတ်တွေ "

အားချန်က အသံတဆာဆာနှင့် မီးဖိုဆောင်ထဲ
ဝင်လာသည်။ အားချန်ကတော့ သူတို့နေတဲ့အ
ဆောင်နဲ့ မလှမ်းမကမ်းအဆောင်မှာနေသည်

"အားချန် ရှစ်ဖူလို့ မခေါ်နဲ့တော့လို့ ဘယ်နှစ်ခါ
ပြောရမလဲ...ငါက မသေမျိုးကျင့်ကြံသူတစ်
ယောက်မဟုတ်တော့ဘူး"

"ရှစ်ဖူ...ကျွန်တော် အကျင့်မဖြစ်ဘူး ဘယ်လို
ခေါ်ရမလဲ "

"ကြိုက်သလိုခေါ် ရှစ်ဖူလို့ခေါ်တာကလွဲပြီး"

"သိပြီ....အိမ်တော်သခင်ကြီးလို့ခေါ်မယ် "

ရှစ်ယင်က မနိုင်ဘူးဆိုတဲ့ပုံစံဖြင့်သာ သူ့
အသည်းလေးနိုးလာရင်စားဖို့ ဟင်းပွဲတွေ
အများကြီး ပြင်ဆင်နေတော့သည်။

အားယွင်(阿允)Onde histórias criam vida. Descubra agora