အပိုင်း-၂၁

1.3K 114 29
                                    

ဒီနေ့ အားယွင်က အစောကြီးနိုးနေသည်။ ရှစ်
ယင်နိုးသည့်အချိန်တွင် ရှစ်ယင်ဘေးတွင်အား
ယွင်မရှိသောကြောင့် ပတ်ရှာကြည့်လိုက်ရာ
အားယွင်ကရေမိုးချိုးပြီး သန့်ပြန့်မွှေးကြိုင်နေ
ကာ တစ်နေရာရာကိုသွားဖို့ ပြင်နေသည်

သူ့ကိုဘာမှမပြောထားတာကြောင့် သူလည်းသိ
ချင်စိတ်နဲ့ အားယွင်ကိုမေးလိုက်သည်

"ဘယ်သွားမလို့လဲ အားယွင် အစောကြီးပဲ"

"အားယဲတို့ဆီသွားမလို့ အားယွင်ငယ်ငယ်တုန်းက တူတူဆော့ခဲ့တဲ့ အကိုကြီးက ဒီနေ့လာလည်
မှာတဲ့ အားယွင်အတွက် လက်ဆောင်တွေလည်း
ဝယ်လာမယ်ပြောတယ် အဲ့တာကြောင့်သွားမလို့
ခင်ဗျားရောလိုက်မလို့လား "

အားယွင်အပြောကြောင့် ရှစ်ယင် ချဉ်စူးသွားရ
သည်။ ဘယ်လိုကောင်မို့လို့ အားယွင်က တွေ့ဖို့
ကို ဒီလောက်စိတ်အားထက်သန်နေရတာလဲ။

"အားယွင်က ကိုယ့်ကိုမလိုက်စေချင်လို့လား"

"မလိုက်စေချင်ဘူးရယ်လို့ မဟုတ်ပါဘူး ခင်ဗျား
လိုက်ချင်လိုက်ခဲ့ပေါ့ "

"ကိုယ်ရေချိုးလိုက်မယ် ကိုယ့်ကိုခဏစောင့်"

"ခင်ဗျား ဘာသာလိုက်ခဲ့တော့လေ မစောင့်ချင်
ပါဘူး မြန်မြန်သွားချင်လို့ အစောကြီးထပြီးရေ
ချိုးထားရတာကို ကိုယ့်ဘာသာကိုယ်စောစော
မထပဲ သူများကိုလာစောင့်ခိုင်းနေတယ်"

ဆူပုပ်ကာ ပြောလာတာကြောင့် ရှစ်ယင်မှာထပ်
မစောင့်ခိုင်းရဲတော့ပေ။ အားယွင်က တစ်နေ့တ
ခြား ပိုလို့ပင် စိတ်ကြီးလာသလိုပင် ။ အရင်တုန်း
ကလို သူအနိုင်ကျင့်သမျှ ခံတတ်တဲ့ အားယွင်
မဟုတ်တော့ပဲ သူ့ကိုပြန်အနိုင်ကျင့်တတ်တဲ့အား
ယွင်ဖြစ်နေပြီ‌။

"ဟုတ်ပါပြီ အဲ့တာဆို ကိုယ်မြန်မြန်ရေချိုးပြီး
လိုက်လာခဲ့မယ် ဟုတ်ပြီလား "

"ဒီလိုမှပေါ့ နည်းနည်းပါးပါးသိတတ်ပါဦး"

သူပြောချင်ရာပြောကာထွက်သွားတော့သည်။
ရှစ်ယင်မှာလည်း ဒီအဆိုးလေးကိုပဲ ချစ်လို့မဝဖြစ်နေရသည်။

**********

" လူစုံတက်စုံပါလားဟေ့ အားယွင် မင်းယောက်ျားရော"

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Jan 24 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

အားယွင်(阿允)Dove le storie prendono vita. Scoprilo ora