အပိုင်း-၃

1.5K 191 27
                                    

မနက်ခင်းတစ်ခုမှာ ဝမ်အိမ်တော်တစ်ခုလုံးက
ပြာယာခတ်နေကြသည်။ အကြောင်းကား အိမ်
တော်ရဲ့ အငယ်ဆုံးအဆိုးဆုံးလေးပျောက်နေသော
ကြောင့်ဖြစ်သည်။

အားယွင်နဲ့အတူ သူ့အစေခံကောင်လေး အားမင်
ပါပျောက်နေတာကြောင့် အိမ်ပေါ်ကဆင်းသွားတာ
ဖြစ်မှန်း ဝမ်သခင်ကြီးက သဘောပေါက်လိုက်သည်

ဒီကလေးက တအားကိုဆိုးတာပဲ ရှင်မရေ
ကောင်းကင်ကနေ မင်းသားငယ်ကို ဆုံးမပေး
ပါဦးကွာ ။

အားယွင်ပျောက်လို့ ဝမ်သခင်ကြီးရော အားယွင်ရဲ့
ဖွားဖွားရော အကြီးဆုံးအစ်ကို ယန်ကျန်းတို့ကပါ
စိတ်ပူနေကြတာမို့ မြို့တော်အနှံ့ ရှာဖွေရေးတွေ
လည်း အပြည့်လွှတ်ထားသည်။

အဲ့တာ ပြသနာတစ်ခုမပြီးသေး မကြာသေးခင်က
မှ ယောက်ျားနောက်ခိုးရာလိုက်သွားတဲ့ အားလန်
က သူ့ယောက်ျားနဲ့အတူ အိမ်တော်ကိုရောက်ချ
လာသည်။

"အားယဲ..သားကိုစိတ်မဆိုးဘူးမလားဟင်"

အားလန်လေးက အားယွင်လို ချစ်စရာအပြုအမူ
လေးတွေမရှိပဲ အမြဲ မျက်နှာသေလေးနဲ့လူကြီး
ဂိုက် ဖမ်းနေတတ်ပြီး အနေအေးတဲ့ကလေးဖြစ်
ပေမယ့် သူ့နည်းသူ့ဟန်နဲ့ကတော့ ချစ်ဖို့ကောင်းနေ
ဆဲပေ။

ဝမ်သခင်ကြီးကတော့ သားသုံးယောက်ကိုတစ်
ယောက်တစ်မျိုးချစ်ရတာပါပဲ‌လေ။ အခုလည်း
ရုပ်တည်လေးနဲ့ တောင်းပန်နေတဲ့ သားကိုသူက
စိတ်ဆိုးရက်မတဲ့လား

"ဖြစ်တာတွေဖြစ်ပြီးသွားပြီပဲ အားလန် .. အားယဲ
ကိုတောင်းပန်နေလို့ ဘာထူးမှာလဲ လုပ်စရာရှိတာ
ဆက်လုပ်ရမှာပေါ့ "

"ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ
သခင်ကြီး ... ကျွန်တော့်နာမည် ကျိချုန်းပါ ရှောင်း
မျိုးနွယ် ဒုတိယမျိုးဆက် စစ်သူကြီး ကျိချုန်းပါ
အရင်က နန်းတော်မှာ တာဝန်ထမ်းဆောင်တာမှန်
ပေမယ့် အခုတော့ ဒီမြို့မှာပဲ တာဝန်ထမ်းဆောင်
ခွင့်မိန့်ကျထားပါတယ်။ ဒါမှ အားလန်နဲ့တူတူနေ
နိုင်မှာမို့လို့ပါ "

စကားဆုံးတာနဲ့ ကျိချုန်းက သူရဲ့ အိမ်နဲ့မြေပိုင်
ဆိုင်မှုတွေကိုထုတ်ပြလာသည်။ ဒါတွေအကုန်
လုံးကို အားလန်နာမည်နဲ့လည်း လွှဲပြောင်းပြီးသား
ဖြစ်ကြောင်းပြောသည်။ ထိုအခါမှ သားငယ်အ
တွက် ဝမ်သခင်ကြီးစိတ်အေးရတော့သည်။
အနည်းဆုံးတော့ သူ့သား‌လိုက်ပြေးသွားတဲ့သူက
လူကောင်းဖြစ်နေတာပဲ။

အားယွင်(阿允)Dove le storie prendono vita. Scoprilo ora