အပိုင်း-၅

1.2K 184 52
                                    

အားချန်က ကြောင်ပုစိလေးကို ဂူထဲကထုတ်လာ
ပြီးနောက် ချွင်းဟွားကို‌ပါခေါ်လိုက်တယ် ။ ချွင်း
ဟွားက ဆေးပညာပိုင်းမှာဆို ကျွမ်းကျင်သူတစ်
ယောက်လည်းဖြစ်တာမို့

ကြောင်ပုစိလေးကို အိပ်ယာထက်‌တင်ပေးပြီး
နွေးနွေးထွေးထွေးရှိစေလိုက်တယ်။

ကြောင်ပေါက်လေးဟာ သတိရတဲ့အထိ အသွင်
ပြန်မပြောင်းသေးဘူး။ အပြည့်အဝ နေပြန်မ
ကောင်းသေးလို့ပဲဖြစ်ရမည်။

ရှစ်ဖူတောင်အောက်ကိုဆင်းသွားတဲ့အချိန်တွေ
အတွင်းသူတို့အချိန်တွေက အားလပ်နေသည်။
ချွင်းဟွားကတော့ ‌ကြောင်ပေါက်လေးကိုအူယား
နေဟန် လက်ထဲကကိုမချပေ။ ကြောင်ပေါက်လေး
အားယွင်ဟာလည်း သူ့ကိုချီတာမကြိုက်သည့်
အလား ကော့လန်ပြန်လို့ အသံမျိုးစုံကထွက်နေ
သေးတာ။

အဲ့တာကိုသိလေ ချွင်းဟွားကပိုစလေဖြစ်သည်။
ချွင်းဟွားရဲ့လက်မှာ ကြောင်ကုတ်ရာတွေနဲ့ပင်
ပြည့်နေတော့သည်။ ဒါကိုပင် ချွင်းဟွားဆိုတဲ့
ကောင်မလေးက တဟီးဟီးတဟားဟားနဲ့စလို့
ကောင်းနေတုန်း‌ပင် ။

"လာ..အားယွင် မင်းအတွက်နွားနို့ ဒါ ရှားပါးနွားနို့
နော် ငါ့အဖေက ငါသောက်ဖို့တစ်လမှ နှစ်ခါပဲပို့
ပေးတာ မင်းမို့လို့တိုက်တာနော် "

အားချန်က ပန်းကန်လုံးသေးသေးလေးထဲ နွားနို့
ထည့်လာကာ ကြောင်ပေါက်လေးကိုတိုက်သည်။
သူမြန်မြန်နေပြန်ကောင်းဖို့ဆို အားရှိဖို့လိုသည်
လေ။

ချွင်းဟွားက နေ့ခင်းဘက်မှာတော့ ဆရာဦးလေး
အခေါ်လွှတ်လိုက်တာကြောင့်ထွက်သွားသည်။
အားချန်လည်း ရှစ်ဖူပေးခဲ့တဲ့ အိမ်စာတွေလုပ်ရဦး
မှာဖြစ်သည်။ မနက်ဖြန်ဆို ရှစ်ဖူပြန်လာတော့မှာ
သူကအိမ်စာတွေအခုထိမပြီးသေးချေ။

"အားယွင် အိပ်ယာပေါ်ကမဆင်းနဲ့နော် လိမ်လိမ်
မာမာနေကြားလား ပြန်လာခဲ့မယ် "

အားယွင်က သူ့စကားကိုနားလည်စွာပင်ပြူး
ပြူးလေးကြည့်လို့

.......

ကြောင်ပေါက်လေးဘဝနဲ့နေရတာ အားယွင်
အရမ်းပျင်းနေတယ်။ သူ့ခန္ဓာကိုယ်က အရမ်း
အေးတဲ့ဒဏ်ကိုမခံနိုင်ဘူး ဒါကြောင့် ကြောင်
ပေါက်လေးအသွင်ဖြစ်သွားတယ်။ အအေးဒဏ်
ကြောင့် အဖျားကအရှင်းမပျောက်သေးတာမို့
အခုထိပြန်မပြောင်းသေးတာဟုထင်သည်။

အားယွင်(阿允)Where stories live. Discover now