အပိုင်း-၉

1.1K 197 49
                                    

"မဖြစ်ပါဘူး ရှစ်ဖူ....ရှဲ့ယွင်က ကျွန်တော့တပည့်ပါ
ကျွန်တော်ကလွဲ ဘယ်သူ့ကိုမှ ဆရာထပ်တင်ခွင့်
မရှိပါဘူး "

ရှစ်ယင်ကိုစကားကို ယွင်ရှီးက သူ့မူအတိုင်းပြုံးပြုံး
လေးပင်

"ဘာလို့မဖြစ်ရမလဲ...မင်းတပည့်ဆိုပြီး အမည်ခံပဲ
ရှိတာ။ ဒီကလေးကိုဘာမှသင်ပေးထားတာမှမရှိပဲ။
အဲ့တာကြောင့် ငါသင်‌မယ်ဆိုတာကို မင်းကဘာလို့
လက်မခံတာလည်း "

"ရှစ်ဖူ....."

ယွင်ရှီးပြောတာတွေက မှန်နေတာကြောင့် ရှစ်ယင်
ဘာမှပြန်ပြောစရာရှိမနေခဲ့ပေ ။

"အကြီးအကဲ....ချန်မျိုးနွယ်စုသခင်လေးပိုင်လီ
ရောက်နေပါတယ်။ပြီးတော့ အကြီးအကဲကိုလည်း
တွေ့ခွင့်တောင်းနေပါတယ် "

ရွှယ်လော့ ခန်းမဆောင်မှာ ရှစ်ယင်နဲ့ယွင်ရှီးတို့ဆရာ
တပည့် စကားအတိုက်အခံများနေကြတုန်း တပည့်
တစ်ယောက်က ရောက်လာကာ စကားလာပါးတာ
ကြောင့် ပြောလက်စစကားတို့ကပြတ်သွားရတယ်

"မတွေ့ဘူးလို့ပြောလိုက်...ဧည့်သည်ကိုပြန်ခိုင်း
လိုက်ပါ "

"ရှစ်ယင် ခေါင်းမမာနဲ့ သူများက အဝေးကြီးက
နေ ခရီးနှင်လာရတာ...ပြီးတော့ မင်းကသူ့ညီကို
အိပ်ယာထဲကနေမထနိုင်အောင်ထိ နှိပ်စက်ထား
တာနော်။ အကျိုးအကြောင်းသွားပြောသင့်တယ်"

"တပည့်နားလည်ပါပြီ ရှစ်ဖူ"

ရှစ်ယင်လည်း သူ့ဆရာရဲ့စကားကို လွန်ဆန်လို့မ
ရတာကြောင့် ပိုင်လီဟုန်ရီနဲ့တွေ့ဖို့ထွက်လာခဲ့
လိုက်သည်။

ရှစ်ဖူရောက်လာကတည်းက ရှစ်ယင်အတွက်အ
ခက်တွေ့စရာတွေချည်းဖန်တီးပေးနေသလား
အောက်မေ့ရတယ်။ ရှစ်ဖူက သူ့အစီအစဉ်တွေကို
မဖျက်ဆီးပစ်ဖို့တော့ ရှစ်ယင်မျှော်လင့်တယ်။

****************

"လာရင်းကိုပဲပြော...ငါ့မှာ အချိန်မပေါဘူး"

"ရှစ်ယင် မတွေ့တာကြာတော့မင်းအများကြီး
ပြောင်းလဲသွားတာပဲ .... မင်းငါ့ကိုစိတ်နာနေတုန်း
လား.."

"မင်းနဲ့ပတ်သတ်တာတွေ ငါ့ခေါင်းထဲမှာရော
ငါ့နှလုံးသားထဲမှာရော ဘာမှကိုမကျန်တော့တာ"

အားယွင်(阿允)Donde viven las historias. Descúbrelo ahora