အပိုင်း-၈

1.2K 189 45
                                    

ကြောင်ပေါက်လေးအသွင်နဲ့ အားယွင်ဟာ
နွားနို့ကလွဲဘာမှတိုက်မရပေ ။

အဲ့တော့ အားချန်တစ်ယောက် သူ့အဖေ‌ပို့ပေး
တဲ့နွားနို့လေးတွေကို မသောက်ရပဲ ကြောင်ပုစိ
အားယွင်ကိုနေ့စဉ်ဆက်သနေရတယ်

အားယွင် ဒီတစ်ခေါက်ရတဲ့ဒဏ်ရာကတော်တော်
ပြင်းထန်တယ် ။ ကြောင်ပေါက်လေးအသွင်နဲ့
တောင် သူ့မှာလှုပ်လှုပ်ရှားရှားမလုပ်နိုင်လို့ ရှောင်
ဟွားက လက်ကလေးပေါ်ပွေ့ပြီး ‌ဇွန်းလေးနဲ့
နွားနို့ကိုခပ်တိုက်ရတယ်။

ရှောင်ဟွားကဆေးတွေစပ်‌ပြီး တိုက်နေပေမယ့်
တစ်ပတ်ကျော်ကြာတဲ့အထိ အားယွင်သာမသက်
သာလာခဲ့။ သာမန်အားနဲ့ရိုက်ခံရတာမှမဟုတ်ပဲ
လေ။

ရှစ်ဖူကတော့ နေနိုင်လွန်းသည်။ အားယွင်ကို
တစ်ချက်ကလေးတောင်လာမကြည့်ပေ။ ဆရာ
ဦးလေးနဲ့ ရှစ်ဖူ ကြားမှာလည်း အခြေအနေက
သိသိသာသာကိုတင်းမာနေသည်။

အားချန်တကယ်သိချင်မိသည်။ ရှစ်ဖူကဘာလို့
များ ဒီပြသနာသေးသေးလေးကို အလွန်အမင်း
အမျက်ထွက်ပြီး ပြသနာရှာရပါသလဲ။

"ရှောင်ဟွား..အားယွင် မသက်သာသေးဘူးလား"

"မနက်ကတော့ဆေးတိုက်ထားတာ အခုကနည်း
နည်းသက်သာနေပြီထင်တယ် ကြည့်ရတာ "

ရှောင်ဟွားက အိပ်ယာအကြီးကြီးထက်က စောင်
အောက်မှာကွေးကွေးလေးအိပ်ပျော်နေတဲ့ အား
ယွင်ကိုကြည့်လျက်ပြောသည်။

"အားယွင်ဘယ်အချိနှ်မှ အသွင်ပြန်ပြောင်းနိုင်မှာ
လဲမသိဘူး"

"အပြည့်အဝပြန်ကောင်းတဲ့အထိပေါ့ အားယွင်
ကအများကြီး အနားယူဖို့လိုအပ်နေသေးတယ်"

"ရှစ်ဖူက ရက်စက်လိုက်တာဟာ အားယွင်ကိုမ
ချစ်ရင်တောင်သံယောဇဉ်လေးတော့ရှိသင့်ပါ
တယ်"

"ငါတော့ဒီတစ်ခါရှစ်ဖူကိုတကယ်စိတ်ဆိုးတာ"

အမှန်ပင် ရှောင်ဟွားက ရှစ်ဖူကိုစိတ်ဆိုးနေတာ
ဖြစ်သည်။ ရှစ်ဖူကို စကားလည်းမပြောပဲ သိသိ
သာသာကိုရှောင်နေသည်။

ထို့ကြောင့်ပင် ဒီရက်ပိုင်း ရွှယ်ရှန်းတောင်ပေါ်၏
အခြေအနေသည် တင်းမာအေးစက်လျက်ရှိသည်။

အားယွင်(阿允)Donde viven las historias. Descúbrelo ahora