💋💋💋chapter-1💋💋💋

2.7K 24 1
                                    

ကျွန်မနာမည်ကbelle....ကျွန်မကဆရာ၀န်တယောက်ဖြစ်ဖို့ပညာသင်ယူ​နေတဲ့​အသက်၂၀​ကျော်အရွယ်တက္ကသိုလ်ကျောင်းသူ​လေးတဦး​ပေါ့။belleကငယ်ငယ်ကတည်းကအ​ဖေမရှိ​တော့ဘူး​လေ....​​​မေ​မေချစ်လေးဆွေကပဲsingle motherအ​နေနှင့်belleကိုပြုစု​စောင့်​ရှောက်ခဲ့တာ.....​မေ​မေကဘယ်​လောက်ပင်ပန်းပါ​စေbelleကိုပညာတတ်ဖြစ်​အောင်ပြုစုပျိုး​ထောင်​ပေးခဲ့တယ်။
ဒါ​ပေမဲ့​မေ​မေကကံမ​ကောင်းပါဘူး....အလုပ်​တွေလုပ်ခဲ့တဲ့ဒဏ်​ကြောင့်ကျန်းမာ​​ရေးကချူချာလာပြီးအိပ်ယာထဲလဲသွားခဲ့သည့်အထိ.....​မေ​မေကအခု***ရောဂါနှင့်​ဆေးရုံတင်ထားရတယ်.....belle​မေ​မေ့ရဲ့​ဆေးဖိုးဝါးခနှင့်​ကျောင်းစရိတ်အတွက်စာတွေသင်ရင်းအချိန်ရရင်ရသလိုအချိန်ပိုင်းအလုပ်​တွေလုပ်ရင်းဘ၀ကိုရုန်းကန်​နေရတယ်။
အလုပ်ကတဖက်​၊​ကျောင်းကဖက်နှင့်ဆို​တော့အရမ်းပင်ပန်းတယ်....တ​နေ့မှ၃၊၄နာရီပဲအိပ်ခဲ့ရတဲ့​နေ့​တွေဆိုတာအများကြီး....ဒါ​ပေမဲ့ဘယ်​လောက်ပင်ပန်းပင်ပန်း​မေ​​မေရှိ​နေတာနှင့်တင်belleအတွက်ပြည့်စုံတယ်။
နန်း​တော်တမျှကြီးမား​သောအိမ်ကြီးတွင်​ရောင်စုံပန်း​လေး​တွေကပွင့်လန်း​နေကြပြီး​​ငှက်မျိုးစုံတို့ကလည်းသာယာချို​အေးတဲ့​တေးသံကိုသီကျူးရင်းဟိုဟိုဒီဒီပျံသန်း​နေကြတယ်။ထိုစံအိမ်ကြီးရဲ့နာမည်က"diamond castle"လို့အမည်ရပြီးထိုအိမ်ကြီးရဲ့ပိုင်ရှင်ကအသက်၂၈နှစ်အရွယ်​ကောင်​လေးalviz(အဲဗစ်ဒ်)ဖြစ်၏။
ကျွန်​တော့်အ​ကြောင်းကို​ပြောရမယ်ဆိုရင်​တော့ကျွန်တော်ကမိဘမဲ့တ​ယောက်ပါ....တ​နေ​တော့အမေရိကကဇနီးမောင်နှံဖြစ်တဲ့ဂျော်နီနှင့်​အဲလစ်ကကျွန်​တော်ကမိဘမဲ့​ကျောင်းကနေအမွေးစားအမွေခံသားအဖြစ်မွေးစားခဲ့တယ်.....ကျွန်တော့်ကိုdaddyနှင့်mommyကသားအရင်းတယောက်လိုချစ်ပြီးဂရုစိုက်ပေးခဲ့တယ်....daddyနှင့်mommyနှင့်အတူတူရှိခဲ့တဲ့အချိန်တွေကရွှေရောင်နေ့ရက်လေးပေါ့။

🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄

ကျွန်တော်ကပဲမိဘမဲ့ဖြစ်မဲ့ကံပါလို့လားမသိပါဘူးဗျာ.....ကျွန်တော်ကျောင်းပြီးပြီးချင်းပဲကျွန်တော့်ရဲ့ကျေးဇူးရှင်မွေးစားမိဘနှစ်ဦးလုံးဆုံးသွားခဲ့တယ်။ကျွန်တော်အချစ်ရဆုံး၊အတွယ်တာဆုံးသူနှစ်ဦးမရှိတော့ဘူးဆိုတာသိလိုက်ရတဲ့အခါကျွန်တော်ရူးမတတ်ခံစားရတယ်.....ကျွန်တော်ကအရမ်းကံဆိုးတဲ့ကောင်ပါဗျာ....ကျွန်တော့်နားမှာဘယ်သူမှမရှိတော့ဘူး။
daddyတို့မရှိတော့daddyရဲ့companyကိုအ​မွေလွှဲယူခဲ့ပြီးစီးပွားရေးလောကထဲကျွန်တော်စ၀င်ခဲ့သည်။mommyတို့ကိုသတိမရအောင်အလုပ်မှာပဲစိတ်နှစ်ပြီးနေ့နေ့ညညကြိုးစားခဲ့တယ်။ကျွန်တော့်ရဲ့ကြိုးစားမူကြောင့်"Oasis"companyကနဂိုထပ်ပိုပြီးအရှိန်အဝါကြီးမားတဲ့companyကြီးတခုဖြစ်လာတော့တယ်။
companyနာမည်ကြီးအောင်မြင်လာတာနှင့်အမျှကျွန်တော့်ဘေးနားမှာဝဲတဲ့လိပ်ပြာတွေ(မိန်းကလေး)ကတော့အများကြီးပါပဲ.....အချို့ဆိုမိန်းကလေးရှင်ဖက်ကလာကမ်းလှမ်းတာတွေတောင်ရှိတယ်။ဒါပေမဲ့ကျွန်တော်ဘယ်မိန်းကလေးနှင့်မှမပတ်သတ်ခဲ့ဘူး....မိန်းကလေးတွေနှင့်အဝေးဆုံးမှာနေခဲ့တယ်။ကျွန်တော်ဘယ်သူကိုမှလည်းထပ်မချစ်ရဲတော့ဘူး....ချစ်ရသူကိုဆုံးရှုံးရတဲ့ခံစားချက်ကိုကျွန်တော်မခံစားနိုင်တော့ဘူး........

no one but youWhere stories live. Discover now