💋💋💋chapter-26💋💋💋

241 2 0
                                    

         ည၁နာရီကျော်အရေးပေါ်ဆေးရုံကားရဲ့အသံကြောင့်တို့ဆေးရုံ၀င်ပေါ်ဆီအမြန်ထွက်ကာကြည့်လိုက်သည်....ကားထဲကနေဗိုက်ကိုကိုင်ကာလူးလိမ့်နေသည့်၄၀ကျော်အမျိုးသမီးလူနာတဦးနှင့်အတူ၂၀ကျော်မိန်းမငယ်တဦးကိုလည်းတွေ့လိုက်ရသည်။

belle"လူနာကိုအရင်ဆုံးဆေးရုံကုတင်မှာခဏလှဲခိုင်းထားပြီးသက်တောင့်သက်သာဖြစ်အောင်ထားလိုက်ပါ....ပြီးတော့လိုအပ်တာတွေစစ်ဆေးရအောင်အသင့်လုပ်ထားပါ။"

nurse"ဟုတ်ကဲ့...."

       belleထိုအန်တီကိုလိုအပ်တဲ့စမ်းသပ်ချက်တွေ၊စစ်ဆေးမူတွေလုပ်ပေးလိုက်တယ်။

တာရာ"doctor....ကျွန်မအမေရဲ့အခြေအနေလေး....."

belle"စစ်ဆေးချက်တွေအရတော့ညီမလေးအမေကအစာအိမ်နာယုံပါ....ရောဂါကြီးကြီးမားမားတော့မဟုတ်ပါဘူး....စိတ်ပူနှင့်တော့နော်....ညီမလေး။"

တာရာ"တော်သေးတာပေါ့ရှင်.....ရောဂါကြီးကြီးမားမားမဟုတ်လို့။"

belle"ဒါပေါ့ရှင်....ညီမလေးလည်းနားလိုက်အုန်းနော်....လိုအပ်တာရှိရင်အမကိုလှမ်းခေါ်လိုက်ပါ....အမနားနေခန်းမှာပဲရှိနေမယ်။"

တာရာ"ဟုတ်...."

     belleလူနာကြည့်ပြီးသွားတော့နားနေခန်းထဲမှာပြန်ပြီးအနားပြန်ယူနေလိုက်တယ်......

မနက်မိုးလင်းတော့လူနာတွေကုသကြည့်ရှုရနှင့်အလုပ်တွေကိုရှုပ်နေတော့တာပဲရှင်....မနက်စာစားဖို့နေနေသာသာရေသောက်ဖို့အချိန်တောင်မရှိဘူး....

မနက်၁၀နာရီလောက်ကျတော့belleဂျူတီအချိန်ပြီးသွားတော့တယ်....အဲ့တာနှင့်ဆရာ၀န်ကြီးတွေကိုနှုတ်ဆတ်ပြီးဆေးရုံကနေထွက်လာခဲ့လိုက်တယ်....ဆေးရု့ကထွက်ထွက်ချင်းပဲကားကိုမှီကာရပ်နေသည့်ချစ်ရသည့်ကိုကို့တွေ့လိုက်ရသည်....ချစ်ရသူကိုတွေ့လိုက်ရတော့ပင်ပန်းနေတာတွေပျောက်သွားသလိုခံစားနေရတယ်။

       🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄

ကိုကို့ကိုကြည့်နေတုန်းမှာပဲကောင်မလေးတယောက်ကတို့ကိုမတော်တဆ၀င်တိုက်မိသွားပြီးကောင်မလေးကလဲကျသွားတော့သည်....အဲ့တာနှင့်belleလည်းလဲကျသွားတဲ့ကောင်မလေးကိုထူပေးလိုက်တယ်။

no one but youWhere stories live. Discover now