💋💋💋chapter-20💋💋💋

311 1 0
                                    

         ရုတ်တရတ်ချိုသာသည့်အနမ်းလေးပေးလိုက်သည့်သူမလေးကြောင့်ကျွန်တော်အံ့သြသွားခဲ့ရတော့တယ်.....

alviz"ကလေး....."

belle "ကို့ကိုပေးတဲ့လက်ဆောင်....."

      ကျွန်တော့်ကိုရင်ခုန်စရာအနမ်းလေးပေးပြီးတာနှင့်မီးမီးလေးကိုချီကာပန်းခင်းကြီးထဲကိုပြေးထွက်သွားသည့်ချစ်ရသည့်ကောင်မလေး......

ဒီကောင်မလေးတော့လူကိုရင်ခုန်အောင်သိပ်လုပ်တာပဲ....မင်းကို့ကိုရူးသွပ်သွားအောင်ထိလုပ်နေတာလား....ကလေးရယ်။

      သူမလေးနောက်ကိုပြေးလိုက်သွားပြီးနောက်ကျောလေးကိုသိုင်းဖက်ထားလိုက်တယ်။

alviz"ဟိတ်...ကောင်မလေး.....လူကိုရင်ခုန်အောင်လုပ်ခဲ့ပြီးလွယ်လွယ်နှင့်ထားခဲ့လို့ရမလား???အနည်းဆုံးတော့....."

belle"ကိုကိုနော်....မညစ်ပတ်နှင့်...သူအိမ်ရောက်နေတယ်ဆိုပြီးအနိုင်ကျင့်မယ်မကြံနှင့်နော်။"

alviz"ဟောဗျာ....ကိုကဘာမှတောင်မပြောရသေးဘူး???ကလေးကဘာတွေတွေးနေတာလဲ???"

  ကိုကိုကbelleနှာခေါင်းကိုလက်ချောင်းလေးနှင့်ပွတ်၍ထိတွေ့လိုက်ချေ၏.....ပြီးတော့တို့နဖူးလေးကိုမြတ်နိုးစွာဖြင့်အနမ်းလေးတပွင့်ပေးလိုက်သောကြောင့်ရင်ခုန်သံတွေဟာကားတစီးကိုအရှိန်တင်မောင်းလိုက်သလိုလွန်စွာပင်မြန်ဆန်လာခဲ့ရသည်။

     လှပတဲ့ပန်းလေးတွေကြားမှာချစ်ရသည့်ကိုကိုနှင့်လက်ချင်းတွဲကာနေ၀င်ဆည်းဆာ၏အလှကိုအတူတူခစားကြည့်ရှုနေခဲ့တယ်....လှပတဲ့နေမင်းကြီး၊လှပတဲ့ပန်းခင်းကြီး၊ဘေးမှာကချစ်ရသည့်ကိုကိုနှင့်မီးမီးလေး...အိုး!!!တို့အတွက်ကျန်တာတွေဘာမှမလိုတော့ဘူး....အခုလိုလှပပြီးတန်ဖိုးရှိတဲ့အမှတ်တရလေးကိုသာပိုပြီးမက်မောတွယ်တာမိတယ်.....

   🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄

alviz"ကလေး....မင်းသိလား???အခုချိန်လေးကကို့အတွက်အပျော်ဆုံးအချိန်လေးဖြစ်သလိုတန်ဖိုးအရှိဆုံးအချိန်လေးဆိုလည်းဟုတ်တယ်။ကိုဒီအချိန်လေးကိုမကုန်ဆုံးစေချင်တော့ဘူး။"

no one but youWhere stories live. Discover now