💋💋💋chapter-16💋💋💋

314 2 0
                                    

အဲ့ညကကျွန်တော်တညလုံးမအိပ်ပဲသူမလေးရဲ့မျက်နှာကိုပဲကြည့်နေမိတော့တယ်....ကျွန်တော်အဲ့ညကကြောင်အဖြစ်ပြန်မပြောင်းတော့ပဲသူမလေးဘေးမှာအတူရှိနေပေးလိုက်သည်။

အာရုဏ်ခါနီးပြိဆိုတော့ကျွန်တော်ပြန်ဖို့အချိန်ရောက်လာပြီပေါ့...မပြန်ခင်လေးမှာချစ်ရသူလေးရဲ့နဖူးလေးကိုနမ်းရှိုက်လိုက်ပြီးအိပ်ခန်းထဲကထွက်လာခဲ့လိုက်တော့တယ်။

ကျွန်တော့်အိမ်ကိုလမ်းလျှောက်ပြန်လာရင်းသူမလေးအကြောင်းပဲတွေးနေမိတော့တယ်.....ဘာလို့ဒီလောက်တောင်ချစ်ဖို့ကောင်းရတာလဲ???မင်းကကိုယ့်ကိုဆွဲဆောင်နိုင်လွန်းတယ်...ကလေးရေ။မင်းကြောင့်ကိုတော့ရူးတော့မယ်ထင်တယ်။

စိတ်မွန်းကျပ်လိုက်တာ....တကယ်စိတ်မွန်းကျပ်တယ်.....သူမလေးသာကျွန်တော့်ရဲ့ဘ၀အမှန်ကိုသိသွားမယ်ဆိုရင်ဘယ်လိုလုပ်မလဲ???သူသိသွားလို့ကျွန်တော့်ကိုထားခဲ့မယ်ဆိုရင်....ဟူး...စိတ်ညစ်လွန်းတာကြောင့်လေပူမှုတ်ထုတ်လိုက်တော့သည်။အဲ့တွေးကကျွန်တော့်ကိုဓားနှင့်ထိုးတာထက်ကိုပိုပြီးနာကျင်စေတယ်။

အိပ်ယာကနိုးနိုးလာချင်းညကအိမ်မက်ကbelleခေါင်းထဲကိုချက်ချင်း၀င်လာတော့တယ်.....အိမ်မက်ကတကယ်အစစ်လိုပါပဲလား???တကယ်ဖြစ်သွားသလိုပါပဲလား???အိမ်မက်အကြောင်းပြန်တွေးရင်းပြုံးရယ်လိုက်မိတော့သည်။

လန်းလန်းဆန်းဆန်းနှင့်အိပ်ယာကထလိုက်ပြီးမေမေနှင့်မနက်စာအတူတူစားလိုက်တယ်....ပြီးတော့မေမေနှင့်အတူဆိုင်သွားလိုက်တယ်....ဒိနေ့ကပိတ်ရက်ဆိုတော့မေမေ့ကိုဆိုင်မှာကူလုပ်ပေးမလို့ဆိုင်ကိုအတူတူလိုက်လာခြင်းပင်ဖြစ်၏။

မေမေနှင့်အတူကြက်ကင်ကူရောင်းပေးနေတုန်းရုတ်တရတ်ကိုကိုကဆိုင်ထဲ၀င်လာတာတွေ့လိုက်တော့belleနှလုံးသားလေးကလည်းအလိုလိုလှုပ်ခတ်သွားလေတော့၏။

🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄

ဒေါ်ချစ်လေးဆွေ"သား....လာလေ....လူကနည်းနည်းတော့ကျနေတယ်.....ခဏစောင့်နော်....အန်တီခုံရှင်းပေးမယ်။"

alviz"ရတယ်....အန်တီ....ကျွန်တော်belleနှင့်စကားခဏပြောချင်လို့ခွင့်ပြုပေးလို့ရမလား....အန်တီ???သိပ်မကြာပါဘူး။"

no one but youWhere stories live. Discover now