💋💋💋chapter-27💋💋💋

232 1 0
                                    

alviz"ဒင်ဆမ်း၅ပေါင်းနှင့်ကော်ဖီ၂ခွက်....မြန်မြန်လုပ်ကွာ....ကို့ချစ်သူကဘာမှမစားရသေးလို့လေ...."

belle"ကို...."

၀ိတ်တာ"ဟုတ်ကဲ့...."

၀ိတ်တာလေးကပြုံးစိစိလုပ်ကာထွက်သွားလေတော့သည်....

belle"ကိုတော့နော်....ဟိုမှာဝိတ်တာလေးကရယ်ပြီးထွက်သွားပြီ....ဘာမှန်းလည်းမသိဘူး။"

နှုတ်လေးစူကာရန်လုပ်နေသည့်သူမလေး.....

alviz"ကို့ချစ်သူလေးကိုဂရုစိုက်တာကိုကဘယ်သူ့ကိုဂရုစိုက်ရမှာလဲ...ကလေးရဲ့???"

belle"ဟွန့်....ပြောလိုက်ရင်တော့ချိုအီနေတာပဲ???ပြောစမ်းပါအုန်း....အဲ့အပြောချိုချိုလေးတွေနှင့်ကောင်မလေးဘယ်နှယောက်ကိုကြွေအောင်လုပ်ခဲ့ပြီးပြီလဲ???"

alviz"အင်း....မှတ်တောင်မမှတ်မိတော့ဘူး....ကို့မှာရှိတဲ့လက်ချောင်း၁၀​ချောင်းထက်တော့ကျော်လိမ့်ထင်တာပဲ...."

belle"ကိုနော်....ဟွန့်....လူရှုပ်ကြီး...."

   ကလေးရဲ့မျက်နှာလေးကချက်ချင်းပင်ညှိးနွမ်းသွားတော့လေ၏.....

alviz"အလကားစတာပါကွာ....ကို့ဘ၀မှာလေကောင်မလေးတယောက်ကိုပဲကြွေအောင်လုပ်ဖူးတယ်။"

belle"ဘယ်သူလဲ??"

alviz"belleလို့ခေါ်တဲ့အလှပဂေးနတ်သမီးလေးကိုပါဗျာ။"

အဲ့ကျမှbelleခပ်ရေးရေးလေးပြုံးလိုက်မိတယ်....

   🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄

belle"တကယ်နော်....လိမ်ပြောနေတာတော့မဟုတ်ပါဘူးနော်။"

alviz"မလိမ်ရဲပါဘူးဗျာ....ဟောဒီကနတ်သမီးလေးကို...."

belle"ယုံပေးလိုက်ပါ့မယ်....နောက်မှအသံတွေကြားလို့ကတော့မလွယ်ဘူးမှတ်...."

alviz"မှတ်သားထားပါ့မယ်ဗျာ...ကို့ချစ်သူလေးကလည်းသိပ်ချစ်ဖို့ကောင်းတာပဲ....."

       အရမ်းချစ်ဖို့ကောင်းနေသည့်သူမရဲ့လက်ကလေးကိုကိုင်ကာအနမ်းလေးတပွင့်ပေးလိုက်သည်.....အဲ့တာကြောင့်သူမလေးကရှက်သွေးဖြာပြီးပါးလေးနှစ်ဖက်ကပန်းရောင်သန်းသွားသည်ကအလွန်ပင်အသဲယားဖို့ကောင်းနေတော့၏....သူမလေးရဲ့ပန်းရောင်သန်းနေသည့်ပါးလေး၂ဖက်ကိုအနမ်းမိုးတွေဆက်တိုက်ရွာချချင်တော့သည်။

no one but youWhere stories live. Discover now