💋💋💋chapter-21💋💋💋

297 1 0
                                    

alviz"ချစ်လေးများများစားနော်...."

   ကိုကိုနှင့်ကျွန်မနှင့်တူတူညစာစားနေခြင်းပင်ဖြစ်သည်....ပန်းကန်ထဲကိုဟင်းတွေချည်ထည့်ပေးနေသည့်ကိုကိုကြောင့်ဘယ်ကနေစစားရမလဲတောင်မသိတော့ဘူး....

belle"ကိုကိုရယ်.....ပန်းကန်ထဲမှာလည်းဟင်းတွေစုပုံနေပြီ....ထမင်းတောင်မမြင်ရတော့ဘူး....ဘာစားရမလဲတောင်မသိတော့ဘူး။"

alviz"ကို့ချစ်သူလေးကိုများများစားစေချင်လို့ပေါ့....ချစ်သူလေးရဲ့။"

belle"၀ိတ်အများကြီတက်ပြီး၀တုတ်လာရင်အဲ့တာကိုကို့ကြောင့်ပဲနော်....."

alviz"၀ပါစေပေါ့...ကိုကမင်းလေး၀လေပိုကြိုက်လေပဲ။"

belle"ဟွန့်....သူများကိုပုံ့ပျက်ပန်းပျက်နှင့်မလှမပဖြစ်စေချင်နေတာ...."

        နှုတ်ခမ်းလေးထော်ကာရန်တွေ့နေသည့်ချစ်သူလေးကြောင့်ကျွန်တော်ရယ်လိုက်မိတော့သည်။

ညစာစားပြီးတော့ကိုကိုကbelleကိုအိမ်ပြန်လိုက်ပို့ပေးတယ်လေ....သိပ်မမှောင်ခင်ပေါ့။

   🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄

alviz"အယ်....မေ့နေလိုက်တာ။"

belle"ဘာမေ့တာလဲ???"

alviz"ချစ်သူများနေ့မှာကို့ချစ်သူလေးကိုချောကလက်၀ယ်မကျွေးရသေးဘူးလေ။"

belle"တော်ပါပြီကိုရယ်....ကို့အိမ်ကနေညစာစားလာတာဗိုက်တွေလည်းဖောင်းတင်းနေပြီ။"

alviz"ဘယ်ဖြစ်မလဲ....သူများကောင်မလေးတွေကချစ်သူဆီကနေချောကလက်စားနေတဲ့ဟာကို....ကိုချစ်သူလေးပဲကျန်နေခဲ့လို့ဘယ်ဖြစ်ပါ့မလဲ....ခဏစောင့်နော်....ကလေး။"

       ပြောပြီးတာနှင့်ကားတခါးဖွင့်ကာစတိုးဆိုင်တခုထဲ၀င်သွားသည့်ကိုကို.....

တို့တယောက်တည်းကိုကိုပြန်လာမဲ့အချိန်ကိုကားပေါ်မှာစောင့်နေခဲ့တာပေါ့....ခဏကြာတော့အထုတ်တထုပ်ကိုလက်မှာကိုကာပြန်ရောက်လာသောကိုကို.....

alviz"ရော့ဗျာ....ချစ်သူလေးဖို့....."

လက်ထဲကအထုတ်ကိုbelleဆီအပ်လိုက်သည့်ချစ်ရသည့်ကိုကို.....အထုတ်ကိုဖြေကြည့်လိုက်တော့ချောကလက်တွေမှအများကြီးပဲ....ဘူးတွေနှင့်ရော၊အထုတ်တွေနှင့်ရောမျိုးစုံပါပဲရှင်....

no one but youWhere stories live. Discover now